ဟခု(Arc -2.10)(end)

7.6K 673 27
                                    

<Unicode>
"အဆုန!"

နှဖူးတည့်တည့်ဖောက်ဝင်သွားတဲ့ကျည်စံနဲ့အတူအဆုနကပုံကနဲလဲကျသွားတော့သည်။ထိုအချင်းရာကြောင့် သူမဖခင်နဲ့လူထွားကြီးတေကစတင်ပစ်ခတ်တော့သည်။

ဟခု ဂင်းကိုဖက်လျက်သားဖြင့်ကျည်စံလာရာကိုကျောပေးကာထားလိုက်ပီး ဂင်းရဲ့ပုခုံးကိုကျစ်နေအောင်တစ်ချက်ဖက်ကာ ဆိုဖာနောက်သို့ဆောင့်တွန်းလိုက်တော့သည်။

ကျည်စံတေကသူ့ရဲ့လက်မောင်းနဲ့ပုခုံးသားများဆီသို့လာမှန်နေတာကြောင့်နာကျင်ပေမယ့် စိတ်ကိုတင်းခံကာ လက်ထဲကသေနတ်နဲ့ပြန်ပစ်ခတ်တော့သည်။သေနတ်အပစ်ခတ်နဲ့အရှောင်တိမ်းကသူ့နဲ့မစိမ်းတာမို့ ချက်ကောင်းကိုမထိအောင်သာရှောင်ရှားရင်း တစ်ဖက်ကလူအယောက်၂၀လောက်ကိုတစ်ချက်ထဲနဲ့ပစ်သတ်နိုင်ခဲ့သည်။

မိနစ်ပိုင်းလေးအတွင်းမှာလူတေအတုန်းရုန်းသွေးသံရဲရဲနဲ့လဲကျကုန်တာကြောင့်ဂင်း ဆိုဖာနောက်မှာတောင့်တောင့်ကြီးဖြစ်ကာလန့်နေသည်။ထို့ကြောင့်သူ့ကိုသေနတ်နဲ့ချိန်ရွယ်ထားတဲ့အဆုနရဲ့ဖခင်ကိုသတိမမူမိပေ။

ဟခုပစ်ခတ်နေရင်း ဂင်းထံသေနတ်နဲ့ချိန်ထားတဲ့မြင်ကွင်းကြာက်ဘာကိုမှမတွေးနိုင်တော့ပဲလေလိုအလျှင်နဲ့ ဂင်းကိုရင်ခွင်ထဲဆွဲသွင်းပစ်ကာ သမင်လည်ပြန်လှည့်ပီး နောက်ဆုံးကျန်တဲ့ကျည်စံနဲ့ ထိုလူအားပစ်လိုက်တော့သည်။

ဒိုင်း ဒိုင်း

သေနတ်သံနှစ်ချက်နဲ့အတူအဆုနရဲ့ဖခင်ဟာလဲ ကြမ်းပြင်ပေါ်လဲကျသွားသလို ဂင်းရဲ့ပုခုံးကိုတင်းကြပ်နေအောင်ဖက်ထားတဲ့လက်တေဟာလဲပြေလျော့လာသည်။

"ဟခု!"

ဟခုရဲ့ခြေထောက်များဟာအားအင်မရှိတော့ပဲခွေကျသွားတော့သည်။ခါးရိုးနားတွင်ကျည်မှန်ရာကြီးတစ်ခုကသွေးတေဆက်တိုက်ထွက်နေတော့သည်။ဟခုနာကျင်မှုကြောင့်အသက်ကိုဖြေးဖြေးချင်းရှုနေရသည်။

"ဟခု!ဟခု ဟင့်အင်း!"

"ဂင်း~~~~"

တိုးဖျလှတဲ့အသံလေးကြောင့်ဂင်းကသူ့ခေါ်သံကိုမကြားရပဲတရှုံ့ရှုံ့ငိုနေတော့သည်။ဟခုနှစ်သိမ့်ပေးချင်ပေမယ့်လဲ သူ့မှာစကားပြောဖို့မနည်းအားယူနေရသည်။ထိုအခိုက်ဂင်းရဲ့ရင်ဘတ်နားကသွေးကွက်ကိုမြင်လိုက်ရတာကြောင့်လန့်သွားပီး စစ်ဆေးရန်လက်လှမ်းလိုက်တော့...

Make A Wish(System)(Completed)Where stories live. Discover now