real life

5.2K 410 2
                                    

<Unicode>
ring ring...

"မောင်ရေ!ငါဖုန်းလာနေတာကိုင်လိုက်ပါအုံး ငါကလေးကိုဒိုက်ပါလဲပေးနေလို့!!"

ဒီးဒီလေးအိမ်ကိုပါလာတဲ့နေ့ကစလို့ဓူဝံက,ကလေးကိုလက်ထဲကမချတော့။ဓူဝံက,ကလေးအရမ်းချစ်တဲ့အပြင် ဒီးဒီရဲ့ချစ်စဖွယ်အမူရာလေးတေကြောင့်သူ့မျာအသည်းတယားယားဖြစ်နေတတ်သည်။ပါးပါးတို့ကလဲသူတို့ဒီးဒီလေးကိုမွေးစားဖို့ကိုသဘောတူကြပီး သူတို့မြေးလေးကိုတစ်အိမ်လုံးဝိုင်းချစ်ပေးကြသည်။ခုလဲကလေးကိစ္စတေနဲ့အလုပ်ရှုပ်နေတဲ့သူလေးကြောင့် လက်ပ်တော့တစ်လုံးနဲ့အလုပ်လုပ်နေတဲ့တည်မြဲက ကုတင်ပေါ်တင်ထားတဲ့ဖုန်းကိုယူကိုင်လိုက်သည်။

"ဟယ်လို"

"ဟယ်လိုboss!"

"အချစ် မအားသေးဘူး အရေးမကြီးရင်နောက်မှဆက်"

"အရေးကြီးတယ် bossနဲ့မင်းရဲ့အကြောင်းကိုအနံ့ခံမိထားတဲ့ ရဲတစ်ယောက်ရှိတယ်!"

"ဘာ!!!!"

"မောင် ဘာဖြစ်တာလဲ?"

ဒီးဒီကိုချီရင်းအနားလျှောက်လာတဲ့ဓူဝံကြောင့်ခေါင်းခါပြလိုက်ကာ....

"ဘာမှမဟုဘူးအချစ်"

"spakerဖွင့်လိုက်"

"တကယ်ဘာမှမဟု...."

"ကျစ်!

စိတ်မရှည်တော့တဲ့ဓူဝံကတည်မြဲလက်ထဲကဖုန်းကိုဆွဲလုပီးspakerဖွင့်လိုက်ကာ...

"ဘာတေဖြစ်နေကြတာလဲပြော"

"boss!bossတို့အကြောင်းကိုစုံစမ်းနေတဲ့ရဲတစ်ယောက် ကျနော်တို့ဖမ်းမိထားတယ်"

"ငါအခုလာခဲ့မယ် မင်းသူ့ကိုသေချာထိန်းထား"

"ဟုတ်ကဲ့boss"

"အချစ် မောင်လိုက်ပို့မယ်"

"ရတယ် မောင်ကလေးကြည့်ထား ငါပဲသွားလိုက်မယ်"

"မောင်စိတ်မချဘူးအချစ်!မောင်ပါလိုက်မယ်"

"မောင်လိုက်ရင်ကလေးကိုဘယ်သူကြည့်မှာလဲ"

ဖြစ်ချင်တော့ဒီနေ့ကြမှ ပါးပါးတို့ကအပြင်ထွက်dateနေကြပီး ဟေးဟေးတို့ကိုပါခေါ်သွားတာမို့ အိမ်မှာသူတို့ပဲရှိသည်။တည်မြဲဖုန်းထုတ်ကာပါးပါးတို့ကိုခေါ်ကြည့်တော့ စက်ပိတ်ထားတာမို့ တီငယ်ယုဝနကိုဆက်ကြည့်လိုက်သည်။

Make A Wish(System)(Completed)Tempat cerita menjadi hidup. Temukan sekarang