ဇင်း(Arc -5.6)

7K 601 11
                                    

<Unicode>
"အချစ် ခနထ​နော် ​မောင်ဆန်ပြုတ်လေးပြုတ်လာတယ်"

နှဖူးပေါ်ကရေပတ်ဝတ်လေးကိုဖယ်လိုက်ကာ စတီဗင်ရဲ့ကိုယ်လေးကိုတွဲထူကာထိုင်ရလွယ်အောင်လုပ်ပေးလိုက်သည်။ညကအရှိန်နဲ့စတီဗင်ဟာမနက်မိုးလင်းတော့မီးသွေးခဲတမျှကိုယ်တေပူကျစ်ကာဖျားတော့သည်။

ဇင်းတစ်ယောက်ဇာတ်လမ်းတေထဲကလိုချစ်သူလေးကိုရင်ခွင်ထဲထည့်ပီးသာယာထဲမနက်ခင်းလေးကိုစတင်ဖို့တွေးထားပေမယ့် တကယ်တမ်းဖျားနေတဲ့စတီဗင်ကြောင့်ခြေမကိုင်မိလက်မကိုင်မိဖြစ်ရသည်။ဘာလုပ်လို့ဘာကိုင်ကရမလဲမသိဖြစ်ကာ ပြာယာခတ်နေတဲ့သူ့ကိုစတီဗင်ကထချော့ရသေးသည်။ထိုအခါမှစိတ်အေးအေးထားကာရေပတ်တိုက်ပေးပီးဆေးတိုက်ရအောင်ဆန်ပြုတ်လေးပြုတ်လိုက်သည်။

"သက်သာရဲ့လားဟင် မောင်ဆရာဝန်ပဲခေါ်လိုက်ရမလား"

"ရတယ် ငါသက်သာပါတယ်"

ဇင်းခွံကျွေးတဲ့ဆန်ပြုတ်ကိုဖြေးဖြေးချင်းသောက်ရင်းပြန်ဖြေလာသည်။ဆန်ပြုတ်ကုန်သွားတော့ဆေးလေးတိုက်ကာ အိပ်ယာပေါ်ပြန်လှဲစေပီးစောင်လေးခြုံပေးလိုက်သည်။နှဖူးလေးကိုထပ်စမ်းကြည့်တော့မနက်ကလောက်တော့မပူတော့ပေ။ထိုအခါမှသူသက်ပြင်းချနိုင်တော့သည်။

"မောင့်ကိုရတာကံကောင်းလိုက်တာ"

"မဟုတာ မောင်ကသာအချစ်ကိုရလို့ကံကောင်းတာပါ မောင်လေနေ့တိုင်းဘုရားကိုကျေးဇူးတင်တယ် မောင်ကိုဒုတိယအခွင့်ရေးပေးပီး အချစ်နားမှာအခုလိုလေးနေခွင့်ပေးလို့"

စတီဗင်ကဇင်းသူ့အရင်အိမ်ထောင်အကြောင်းပြောနေတယ်ထင်ပေမယ့် ဇင်းပြောချင်တာအဲ့တာမဟုမှန်းဇင်းတစ်ယောက်ပဲသိသည်။

"အနာဂတ်မှာမောင်ဘာဖြစ်ချင်လဲသိလား"

"ဘာဖြစ်ချင်လဲဟင်"

"အချစ်ရဲ့မောင် အချစ်ဘေးမှာနေမယ် အချစ်ကိုချွဲမယ်၊ဆိုးမယ်၊ချစ်မယ်၊ပီးရင် အဟင်း ဟင်း"

"လူယုတ်မာအသံကြီးနဲ့!"

"မကြောက်ပါနဲ့အချစ်ရယ် မောင်ကမကျွမ်းကျင်လို့ပါနော် နောက်ဆိုအချစ်လုံးဝကြိုက်သွားစေရမယ် အချစ်ကမောင်ရေငါတို့လုပ်ကြအောင်လို့အမြဲပြောနေစေရမယ်"

Make A Wish(System)(Completed)Where stories live. Discover now