ခွန်နဒ္ဒ(Arc -1.8)(end)

9.1K 761 58
                                    

<Unicode>
သူဟာအရင်ကရောက်ဖူးတဲ့သစ်ပင်ကြီးအောက်တွင်ထက်ရောက်နေသည်။

"ငါအိပ်မက်မက်နေတာလား"

"မောင်"

အပင်ကြီးရဲ့ခပ်လှမ်းလှမ်းကနေမြင်နေရတဲ့ကောင်လေးတစ်ယောက်။သေချာပေါက်ပါးချိုင့်လေးနဲ့ကောင်လေးပဲပေါ့။

"ဓူဝံ"

ခေါ်သံလေးရှိရာသို့အပြေးလေးသွားကာထိုကိုယ်လုံးလေးကိုခပ်တင်းတင်းဖက်ထားမိတော့ရယ်သံသဲ့သဲ့လေးထွက်လာသည်။

"မောင်"

သူတို့နှစ်ယောက်ရဲ့ရှေ့ကိုရောက်လာပြန်တဲ့နောက်ထပ်ကောင်လေးတစ်ယောက်။

"မုန်းမာန်!"

ထိုအခိုက်မှာသူအာရုံတေပျံ့လွင်ကုန်သည်။ရင်ခွင်ထဲကကောင်လေးကသူ့ကိုတွန်းထုတ်လို့မုန်းမာန်ဘေးသို့သွားရပ်ကာလက်ချင်းတွဲလိုက်ကြပီး။

"မောင်ကငါ့ကိုမကာကွယ်ပြန်ဘူး"

အသံလေးနှစ်သံကထပ်တူညီစွာထွက်လာပီးသူတို့နှစ်ယောက်လုံးရဲ့ကိုယ်ပေါ်မှာနီရဲရဲသွေးကွက်တေထွက်ပေါ်လာတော့သည်။

"မ မဟုဘူး ကိုယ် ကိုယ်..."

ထိုကောင်လေးနှစ်ယောက်ကမျက်ရည်လေးတေဝဲလာကာလက်ချင်းယှက်တွဲရင်းသူ့ကိုကျောခိုင်းကာထွက်သွားတော့သည်။

"ဟင့်အင်း ဓူဝံပြန်လာခဲ့ပါ!မုန်းမာန်ကိုယ်တောင်းပန်ပါတယ်!"

သူအော်ခေါ်နေပေမယ့်အရိပ်လေးနှစ်ခုဟာတဖြည်းဖြည်းဝေးကွာသွားပီး နောက်ဆုံးမပျောက်ကွယ်ခင်မှာအရိပ်လေးနှစ်ခုကပူးကပ်သွားပီးကောင်လေးတစ်ယောက်ထဲအဖြစ်သို့...။

"အား!!!!"

"လူနာ!လူနာသတိရပီလား!"

စူးရှတဲ့အလင်းရောင်ကမျက်လုံးထဲတန်းဝင်လာတာကြောင့်အမြက်အာရုံကိုသေချာစုစည်းရင်းဖွင့်ကြည့်လိုက်တော့ဆေးရုံတစ်ခုတွင်ဖြစ်သည်။သူကလူနာကုတင်ပေါ်ရောက်နေပီး သူ့ဘေးတွင်ဆရာဝန်နဲ့nurseတစ်ချို့ရှိနေသည်။

"လူနာ ဆရာတို့ကိုသေချာမြင်ရလား"

"ဟုတ် ဒေါက်တာ"

Make A Wish(System)(Completed)Where stories live. Discover now