ရှယ့်ယန်(Arc -3.1)

6.8K 654 6
                                    

<Unicode>
သူစားလို့ပီးတော့အငယ်ကောင်လေးကပန်းကန်ကိုလာသိမ်းပေးကာထွက်သွားလေသည်။

"ခဗျားရဲ့ဝေစုကိုစားလိုက်မိလို့တောင်းပန်ပါတယ်"

"ကိစ္စမရှိပါဘူး ငါမပေးရင်ငါ့ညီပေးရမှာလေ ငါကဘာမှမစားပဲရေသောက်ရလဲဖြစ်တယ် ငါ့ညီကကျန်းမာရေးချူချာတယ် ငါတို့မှာမိဘမရှိတော့သူ့ကိုငါကပဲအဖေလိုအကိုလိုစောက်ရှောင့်ရမှာ"

"ခဗျားကအကိုကောင်းတစ်ယောက်ပါ"

သူပြောလိုက်တော့ထိုလူကပြုံးသွားသည်။

"ကျနော့်နာမည်ရှယ့်ယန်ပါ"

"ငါကချင်းမု ငါ့ညီကချင်းလု စောနကတစ်ယောက်ကငါတို့ရဲ့ခေါင်းဆောင်ရှောင်းချီ နောက်ထပ်အဖွဲ့သား​တေလဲရှိသေးတယ် ငါတို့အားလုံးကမိဘမဲ့တေကြီးပဲ"

"ကျနော်ကမိထွေးနဲ့နေတာ အဖေကလဲပိုက်ဆံကလွဲရင်ဘာမှဂရုမစိုက်ဘူး ခဗျားတို့ခေါင်းဆောင်ကကျနော်ပြောတာကိုနားမထောင်ဘူးဗျ သူတို့ကကျနော့်ကိုလာရွေးကြမှာမဟုဘူး"

"မင်းအဖေမှာဒီသားတစ်ယောက်ပဲရှိတာကိုမင်းကိုလာမရွေးဘူးဆိုတာမဖြစ်နိုင်ဘူးနော်"

"မိထွေးကသူ့ကိုပြောပြမှာမဟုဘူး သူကကျနော့်ကိုပထုတ်ချင်နေတာ"

ထိုအခါချင်းမုကခနလောက်စဉ်းစားပီး...

"အဲ့တာအမှန်ဟုတ်မဟုတ် မနက်ဖြန်ကြရင်သိရမှာပါ"

ထို့နောက်အခန်းထဲကထွက်သွားတော့သည်။ရှယ့်ယန်အခန်းထဲတွင်တစ်ယောက်ထဲကျန်နေခဲ့ကာ နေရာအားစူးစမ်းကြည့်လိုက်သည်။လူသူမနေတော့တဲ့တိုက်ပျက်ကြီးတစ်ခုဖြစ်ကြောင်း အုတ်နံရံတေမှာတက်နေတဲ့ရေညှိတေကသက်သေပင်။အခန်းထဲတွင်အိပ်ရာခင်းလေးတစ်ခုနဲ့ရေချိုးခန်းနဲ့အိမ်သာလေးတစ်ခုသာရှိပီး အခြားထွေထွေထူးထူးရှိမနေ။ဘေးပတ်ဝန်းကျင်မှာပဲမြက်ပင်တေပေါင်းပင်တေကတောကြီးသဖွယ်ပေါက်ရောက်နေသည်။ခြင်တေလဲများပီး အနံသက်လဲမကောင်း ထိုလူတေဒီလိုနေရာမှာဘယ်လိုနေလဲသူလုံးဝမစဉ်းစားနိုင်ပါ။

>>>>>>>>>>>>

နောက်တစ်နေ့......

ရှောင်းချီမနေ့ကအချိန်နဲ့နေရာကိုပါဖုန်းနဲ့ထပ်ပြောလိုက်ပေမယ့် ပြောထားတဲ့အချိန်ကိုကျော်ပီးမွန်းလွဲပိုင်းတောင်ရောက်နေပီဖြစ်သည်။ထိုကြောင့်ဖုန်းထပ်ဆက်လိုက်တော့ စက်ပါပိတ်ထားလေသည်။

Make A Wish(System)(Completed)Where stories live. Discover now