ရွှေရိုး(Arc -6.4)

5.7K 555 31
                                    

<Unicode>
ရေကြည်တစ်ယောက်ထမင်းတောင်ထွက်မစားနိုင်ပဲအခန်းတွင်းအောင်းကာစိတ်ကြိုက်အော်ငိုပစ်သည်မှာမိုးချုပ်တဲ့အထိပင်။နာရီကြည့်တော့၇နာရီရှိနေပီဖြစ်ပီး ညနေထဲကအစာမဝင်ရသေးတဲ့ဗိုက်ကအခုအချက်ပြနေပီဖြစ်သည်။သို့သော် အသဲကွဲကာကော်နဲ့ကပ်မရဆိုသလို ကွဲသွားတဲ့အသည်းတစ်ခြမ်းကြောင့်အစာအငတ်ခံပီး အချစ်ကိုစိတ်နာပြလေသည်။

🎶နှလုံးသားထဲကတေးသံ

နာခံစေသော်....

(နာခံစေသော်)²

ဘဝတစ်ခုလုံးနဲ့ရင်းကာ

ရင်ထဲကတေးသံတွေ....

ကမ္ဘာကုန်ကျယ်၍တည်စေသော်...

(တည်ပါစေသော်)²

မှန်ရာကိုသစ္စာဆိုပါမည် ဘုရားရှင်ထံတိုင်တည်ဖူးပါသည်

ရင်မှာတစ်ယောက်ထဲချစ်ခဲ့ဖူးပါသည်..

မင်းကလွဲလို့ဘယ်သူ့မှကိုယ်မချစ်သည်

ကြင်နာသူသိစေချင်ပါသည်

ကိုယ့်စေတနာဖြူသင်ခဲ့ပါသည်🎶

သူ့အိပ်ခန်းပြင်ကခြံစည်းရိုးရှေ့တွင်မယ်ဒလင်သံလေးနဲ့သီချင်းသံလေးကြောင့်ရေကြည်ကုန်းရုန်းထကာပြတင်းပေါက်ဖွင့်ကြည့်တော့ အပင်အောက်တွင်မယ်ဒလင်တီးကာသီချင်းဆိုနေတဲ့ရွှေရိုး။သူ့ကိုမြင်တော့လက်ယမ်းပြကာပြုံးပြတာကြောင့် ရေကြည်မျက်စောင်းထိုးလိုက်သည်။

စိတ်ကောက်နေသူလေးကိုမယ်ဒလင်လေးတီးကာသီချင်းဆိုပီးချော့နေတဲ့ရွှေရိုးနဲ့ဘေးကနေဟာမိုနီလိုက်ပေးနေတဲ့ဖိုးအေးနဲ့ဂွတို။သီချင်းဆုံးသွားတော့ဒူးလေးထောက်ကာ...

"မောင်မင်းကိုပဲချစ်တာပါကွာ!!"

သံချောင်းကအဖြစ်မှန်ကျပြောပြလို့သိထားပေမယ့် စိတ်ဆိုးတာကဆိုးတာပဲ။မသေချာမရေရာတဲ့အချစ်ရေးကြီးကို သူဘယ်လောက်ကြောက်နေလဲသူသာအသိဆုံး။အဲ့လိုအချိန်မှာအချိန်ကိုက်ကြားလိုက်ရတဲ့သံသယဖြစ်စရာသတင်းကြောင့် သူ့မှာအသဲနှလုံးတောင်ထွက်ကျသွားသလိုခံစားလိုက်ရသည်။အခုအဖြစ်မှန်လဲသိရပီ ချစ်တဲ့သူကလဲလာချော့နေပီဆိုတော့သူလဲကြာကြာစိတ်မဆိုးနိုင်တော့ပေ။

Make A Wish(System)(Completed)Where stories live. Discover now