System Space

6.6K 542 1
                                    

<Unicode>
(ပြန်လည်ကြိုဆိုပါတယ်host ရမှတ်တေအတွက်ဇယားကိုကြည့်ပါ)

% -68

တတ်မြောက်မှုပညာ --နည်းပညာ၊အချစ်ရေးရာ၊အုပ်ချုပ်မှုနည်းပညာ၊ဟော်မုန်းထိန်းချုပ်နည်း

(နောက်ကမ္ဘာအတွက်သင်ရမှာကရိုးရာယဉ်ကျေးမှုပါ ရှေ့တံခါးပေါက်ကနေဝင်သွာပေးပါ)

2နှစ်ခန့်ကြသော်......

(ပြန်လာပီ ဒီးဒီ)

(ဟုတ် ကြိုဆိုပါတယ် နောက်ကမ္ဘာသွားတော့မလားဗျ)

(သွားမယ်)

(ဟုတ်)

စတင်ပိုဆောင်နေပါပီ 3.2.1

"အကိုလေး ကျနော်ရွာထဲကကြားလာတာမြောက်ပိုင်းကောင်က ဘုန်းကြီးကျောင်းရှေ့ကပိန္နဲသီးကြီးခိုးခူးနေတယ်တဲ့ ကျုပ်တို့ဆရာတော်ဘုရားကိုသွားချွန်လိုက်မယ်နော်"

"ဟင် အင်း"

"လာသွားမယ်ဟေ့ကောင်တေ မြောက်ပိုင်းကောင်တေတော့ဆရာတော်ဘုရားရဲ့ကြိမ်လုံးစာမိမှာမြင်ယောင်သေးတယ် ဟားဟား"

အားလုံးထွက်သွားတော့မှသူလဲဘေးပတ်ဝန်းကျင်ကိုအကဲခတ်ကြည့်တော့ တောရွာလေးပင်။လေလေးတဖြူးဖြူးနဲ့အလွန်အေးချမ်းပီးသာယာလှသည်။

(ဒီးဒီ ဇာတ်ကြောင်းပြော)

(ဟုတ်)

ဒီကမ္ဘာကဇာတ်လိုက်နာမည်ကရွှေရိုးဖြစ်ပီး ရွာတောင်ပိုင်းရဲ့သူကြီးသားလေး။ဇာတ်လိုက်မကသစ်ခွ၊ ရွာရဲ့ကွမ်းတော်ကိုင်အလှမယ်လေးဖြစ်ပီး ရွာကကာလသားတေကသူ့ကိုဆိုအသေရရအရှင်ရရလိုချင်ကြသည်။အဲ့ထဲတွင်ရွာမြောက်ပိုင်းကသူကြီးသားလေးရေကြည်လဲအပါဝင်ဖြစ်သည်။

ပြောသွားတဲ့ဇာတ်လမ်းမှာရွာမြောက်ပိုင်းနဲ့တောင်ပိုင်းဆိုပီးကွဲထွက်နေတာသတိထားမိမှာပါ။ဟုတ်ပါတယ် ထိုရွာကတောင်နဲ့မြောက်မတည့်ကြပါဘူး။တောင်ပိုင်းမှာသူကြီးတစ်ယောက် မြောက်ပိုင်းမှာသူကြီးတစ်ယောက်ထားပီးနှစ်ပိုင်းခွဲအုပ်ချုပ်နေကြတာဖြစ်သည်။ဘာလို့ဆိုသူကြီးနှစ်ယောက်ကမိန်းကလေးတစ်ယောက်ကိုပြိုင်လုရင်းကနေရန်ပွဲကစပီး တောင်ပိုင်းကရှုံးသွားရာကနေ တစ်ရွာထဲကိုပဲတောင်နဲ့မြောက်ကွဲသွားကြတာဖြစ်စည်။

Make A Wish(System)(Completed)Where stories live. Discover now