ရှယ့်ယန်(Arc -3.6)

6.8K 629 30
                                    

<Unicode>
'ယောက်ျားတေကပန်းမကြိုက်ရဘူးလေ ဓူဝံရဲ့'

'မောင်ငါမင်းကိုချစ်တယ်'

'အင်း'

'မောင်ရောငါ့ကိုချစ်ရဲ့လားဟင်'

'အင်း'

အခုမှပြန်တွေးမိတယ် သူဘယ်တုန်းကမှဓူဝံကိုချစ်တယ်လို့မပြောခဲ့ဖူးဘူး။အမြဲတမ်းဓူဝံတစ်ယောက်ထဲကပဲပြောခဲ့တာ။ဟုတ်တယ် သူတို့စတွဲဖြစ်ခဲ့တာကဓူဝံဘက်ကအရင်ဖွင့်ပြောခဲ့တာ သူလုပ်ခဲ့တာဆိုလို့ဓူဝံဆီချဉ်းကပ်ပီးအလိုက်သင့်ဆက်ဆံခဲ့ရုံသာ။သူဟာဘယ်တုန်းကမှ ဓူဝံအပေါ်ချစ်စကားမဆိုခဲ့ဖူးပါ။

*မောင့်အချစ်ရယ်*

'ဓူဝံ ဘာလို့ကိုယ့်ကိုချစ်တာလဲ'

'နှလုံးသားကစေခိုင်းလို့လေ နှလုံးသားစေရာအတိုင်းငါလိုက်မျောလိုက်တာ'

ရှယ့်ယန်သူ့နှလုံးသားကခိုင်းစေတဲ့အတိုင်းရှောင်ချီဆီအပြေးလေးသွားကာ ရှောင်းချီရဲ့ကိုယ်လေးကိုတင်းနေအောင်ဖက်လိုက်တော့သည်။မာနတေ ဂုဏ်တေ ပကာသနတေ တာဝန်တေ အားလုံးကိုဒီကနေ့ ဒီအချိန်ကစပီးလွှင့်ပစ်လိုက်ပီ။အရာအားလုံးကိုသူ့နှလုံးသားစေရာအတိုင်းပဲစီးမြောတော့မယ်။ဦးနှောက်ကိုဘေးဖယ်ပီး တစ်ခါလောက်တော့နှလုံးသားကိုဦးဆောင်ခိုင်းလိုက်မယ်။

"မင်းဘာဖြစ်လာတာလဲ!"

ရှောင်းချီသူ့ကိုအရိုးကျိုးမတက်ဖက်ထားတဲ့ရှယ့်ယန်ကြောင့်အသက်ရှူကြပ်လာတာမို့တွန်းဖယ်နေပေမယ့်ရှယ့်ယန်ကပိုတိုးလို့ဖက်လာလေသည်။ရှောင်းချီရုန်းကန်နေတုန်းသူ့ပုခုံးပေါ်တွင်စိုစွတ်လာတာကိုခံစားလိုက်ရတာကြောင့် တွန်းဖယ်နေတဲ့လက်များကရပ်တန့်သွားပီး.....

"မင်း မင်းငိုနေတာလား"

"ချီကောကော~~"

"ဟင်"

"ကိုယ်ချစ်တယ် ကိုယ်မင်းကိုချစ်တယ်"

"......"

"ကိုယ့်ကိုပြန်ချစ်ပေးပါလို့မတောင်းဆိုပါဘူး ဒါပေမယ့်ကိုယ့်အချစ်ကိုတော့မငြင်းပယ်လိုက်ပါနဲ့နော်"

"ရှယ့်ယန်"

"ကျေးဇူးပြုပီး"

"အင်းပါ မငိုနဲ့တော့"

Make A Wish(System)(Completed)Where stories live. Discover now