ဆိုင်မွန် (Arc -7.8)(end)

6.5K 490 10
                                    

<Unicode>
Warning ပါ ဒီအပိုင်းမှာစက်ဆုပ်စရာကောင်းတာတေပါပါတယ် ကြိုပြောထားပါတယ်ရွံဖို့ကောင်းပါတယ်❗⚠

•••••••••••••••••••••

ရိန်းနိုးလာတော့အမြင်အာရုံတေကဝေဝါးနေကာမနည်းအာရုံကိုစုစည်းပီးကြည့်လိုက်တော့ သူ့ကိုတင်းကြပ်နေအောင်ဖက်ထားတဲ့ဆိုင်မွန်ရဲ့မျက်နှာချောချောကိုတွေ့လိုက်ရသည်။

ရိန်းမောင့်ရဲ့မျက်နှာလေးကိုလက်နဲ့တို့ထိလိုက်တော့မျက်မှောင်လေးကျုံ့သွားတာကရိန်းရဲ့နှလုံးသားကိုလှုပ်ခတ်သွားဖို့လုံလောက်ပါသည်။ရိန်နေရတာသိပ်အဆင်မပြေ အောက်ပိုင်းကအရမ်းနာနေတာတော့မဟုပေမယ့် အောက်သက်သက်ကြီးဖြစ်နေသည်။လျှာတေလဲပူနေရာမျက်လုံးတေလဲစပ်နေသည် ကြည့်ရတာဖျားနေပီထင်ပါရဲ့။ရိန်းမောင့်ရင်ခွင်ထဲကအသာရုန်းထွက်တော့ မောင်ကချက်ချင်းမျက်လုံးပွင့်လာကာ...

"အချစ် နိုးနေတာလား ဘာလို့လဲ"

"ဖယ်ပေးအုံး"

လေသံလေးကတိုးနေပီအဆင်မပြေတဲ့ပုံကြောင့်..

"နာနေသေးလို့လားအချစ် မောင်ဆေးလိမ်းပေးထားပါတယ် ဟင်!အချစ်ကိုယ်တေပူနေတယ်!"

ထိုအခါမှအလန့်တကြားထထိုင်ကာရိန်းရဲ့ကိုယ်လေးကိုဆွဲထူတော့..

"ဖယ်ပေး မောင့်ကိုကူးမယ်လေ"

"အခုချိန်မှာအဲ့စကားပြောနေရလားအချစ်ရာ နေအုံးနော် မောင်ဆရာဝန်ခေါ်...."

"မခေါ်နဲ့!"

နားရွက်လေးတေရဲတက်လာကာအော်ပြောလိုက်တဲ့ရိန်းကြောင့်ဆိုင်မွန်တစ်ချက်တွေဝေသွားကာ...

"အင်း ဒါဆိုမခေါ်တော့ဘူး ခနပြန်လှဲနေနော် မောင်အချစ်စားဖို့တစ်ခုခုသွားလုပ်ပေးမယ်"

"ငါလဲလိုက်မယ်"

"အိပ်နေပါအချစ်ရယ် အောက်မှာအေးတယ်"

"မောင်ချီထားလေနော် ငါတစ်ယောက်ထဲမနေခဲ့ချင်လို့"

နေမကောင်းတဲ့အချိန်ကအားငယ်လွယ်တယ်တဲ့။ဆိုင်မွန်ဘာမှထပ်ပြောမနေတော့ပဲ့ရိန်းရဲ့ကိုယ်လေးကိုစောင်နဲ့သေချာထုပ်ကာပွေ့ချီသွားတော့သည်။

Make A Wish(System)(Completed)Where stories live. Discover now