read life

6.3K 452 0
                                    

<Unicode>
"အချစ် ဆန်ပြုတ်လေးသောက်လိုက်နော်"

အိပ်ရာပေါ်မှာငုတ်တုတ်လေးထိုင်နေတဲ့ဓူဝံကတည်မြဲလက်ထဲကဆန်ပြုတ်ကိုရန်သူသဖွယ်ကြည့်ကာ..

"မသောက်ချင်ဘူး ငါဖျားနေတာမှမဟုတာ"

"ဒါပေမယ့်အချစ်က အမာစာတေစားလို့မရဘူးလေ သောက်လိုက်ပါကွာ မောင်အပင်ပန်းခံပီးလုပ်ပေးလာတာကိုသွန်ပစ်ရအောက်မလုပ်ချင်ဘူးမလားဟင်"

အဲ့လိုပြောလိုက်တော့မှသက်ပြင်းလေးချကာသူ့ဘာသာတစ်ဇွန်းချင်းခပ်သောက်တော့သည်။

"အချစ် မောင် မောင့်မိဘတေဆီခနသွားမလို့"

ဓူဝံလက်ထဲကဇွန်းလေးကပန်းကန်ထဲပြန်ပြုတ်ကျသွားတော့သည်။တည်မြဲကဆန်ပြုတ်ပန်းကန်ကိုသူ့ဆီယူလိုက်ကာ အနည်းငယ်ခပ်လိုက်ပီးဓူဝံပါးစပ်နားတေ့ပေးကာ..

"အချစ်ပါလိုက်ချင်လိုက်ခဲ့ ​မောင်သူတို့နဲ့မိတ်ဆက်ပေးမယ်အာ.."

တည်မြဲခွံ့ကျွေးတဲ့ဆန်ပြုတ်ကိုသောက်ရင်းတွေးဆဆလေးဖြင့်...

"မောင်ပြန်လာမှာလား"

"မောင့်နှလုံးသားလေးရှိတဲ့နေရာကနေမောင်အဝေးကြီးမသွားပါဘူး"

"ဒါဆို မောင်သွားပါ ငါမလိုက်တော့ဘူး ငါတို့နှစ်ယောက်အတူသွားရင်ရိပ်မိကုန်ကြလိမ့်မယ်"

"အချစ်ကကြောက်လို့လား"

"မောင်နဲ့ခွဲရမှပိုကြောက်တယ်"

"မောင်ပြန်လာခဲ့မယ်"

"ငါစောင့်နေမှာ မင်းပြန်မလာရင်ငါမင်းကိုလာသတ်မှာ!"

ခြိမ်းခြောက်တာမဟုပဲ တကယ်ပြောနေတယ်ဆိုတာတည်မြဲသိပါသည်။

"အော် အချစ်အကျင်္ီထဲမှာ အချစ်ဖုန်းလေးတွေ့လို့မောင်သိမ်းထားတယ် ရော့"

ဘောင်းဘီအိတ်ကပ်ထဲကဖုန်းလေးကိုထုတ်ကာပေးလိုက်သည်နှင့်တစ်ပြိုက်နဲ့ဝင်လာတဲ့ဖုန်းကောလ်လေးတစ်ခု။ဓူဝံကမျက်နှာပျက်သွားကာတည်မြဲကိုကြည့်လိုက်တော့ သူ့ကိုပြုး၍သာကြည့်နေသည်။ဆက်တဲ့သူကဓူဝံရဲ့ညာလက်ရုံးJဖြစ်သည်။တည်မြဲအာဏာ ဓူဝံအနားကပ်ခဲ့စဉ်တုန်းကသူ့ကိုလုံးဝမယုံကြည်ခဲ့တဲ့သူတစ်ယောက်ဆိုလဲမမှား။

Make A Wish(System)(Completed)Место, где живут истории. Откройте их для себя