ခွန်နဒ္ဒ(Arc -1.1)

9.6K 769 7
                                    

<Unicode>
ခွန်နဒ္ဒကုမ္မဏီရောက်တော့ ရွှေယမင်းကအိတ်ကိုလာဆွဲကူသည်။ထို့နောက်ကော်ဖီခါးခါးတစ်ခွက်ကိုဖျော်ကာသူ့ရုံးခန်းထဲယူလာပေးသည်။အပြုမူအနေထိုင်အားလုံးကသိမ်မွေ့လွန်းတဲ့ဒီမိန်းကလေးမှာ ဘာတေများလျှို့ဝှက်ချက်ရှိနေတာလဲသူတကယ်နားမလည်။

သူ့အရင်ဘဝမှာနေခဲ့တုန်းကမိန်းမကိစ္စလုံးဝရှင်းခဲ့သည်။မွေးစားမိဘတေဂုဏ်ယူရအောင်စာကိုသာတစိုက်မတ်မတ်ကြိုးစားခဲ့တာမို့စိတ်ကစားဖို့အချိန်မရှိ။အရွယ်ရောက်လာတော့လဲဝါသနာပါတဲ့ရဲအလုပ်ကိုကြိုးစားပီးသင်ယူလေ့လာကာ အများကလေးစားရတဲ့သူတစ်ယောက်ဖြစ်အောင်နေခဲ့သည်။သူ့ကိုစိတ်ဝင်စားလို့လာပြောတဲ့သူ လာကမ်းလှမ်းတဲ့မိသားစုတေရှိပေမယ့်သူစိတ်မဝင်စား မိဘနဲ့အလုပ်သာ။

[တို့သားလေးကအင်နိုးစန့်လေးပါ😐]

သူ့အတွက်မိန်းမကိစ္စဆိုတာအတွေ့ကြုံမရှိသူမို့ မိန်းကလေးတေရဲ့အပြင်ပန်းနဲ့အတွင်းစိတ်ကိုမသိနိုင်ပါ။

"ကို သဲမိဘတေကကို့ကိုတွေ့ချင်နေတယ် သဲတို့လဲတွဲလာတာကြာပီဆိုတော့ သူတို့ကအကဲခတ်ချင်ပုံရတယ် အဲ့တာကို.."

"ကိုယ်ဒီရက်ပိုင်းအလုပ်လေးတေရှုပ်နေတယ် ပီးတော့နောက်အပတ်ထဲအရေးကြီးတဲ့ပရောဂျက်ရှိနေတာဆိုတော့ အားမှာမဟုဘူး"

"ဒါဆိုကိုအားတဲ့နေ့ကြမှ သဲချိန်းလိုက်မယ်လေ"

"အင်း"

"အော် ခနနေအလုပ်ခေါ်စာအတွက် အင်တာဗျူးရှိတယ် သဲပဲလုပ်လိုက်ရမလား"

"ရတယ် ကိုယ့်ရုံးခန်းထဲပဲခေါ်လိုက်ကိုယ်လုပ်မယ်"

"ဟုတ်ကို ဒါဆိုသဲသွားတော့မယ်နော်"

"အင်း"

အင်တာဗျူးချိန်ရာက်တော့အယောက်၂၀လောက်လာလျှောက်ကြသည်။ခွန်နဒ္ဒတစ်ယောက်ချင်းစီကိုသေချာစီစစ်ကာမေးမြန်းရင်း နောက်ဆုံးတစ်ယောက်အလှည့်တွင်သူတွန့်သွားသည်။CVဖောင်က ဓာတ်ပုံထဲကလူကသူနဲ့၂ခါတိတိဆုံခဲ့ဖူးတဲ့သူပင်။

အတွေးနဲ့အတူအခန်းထဲဝင်လာတဲ့ထိုလူကိုမော့ကြည့်လိုက်မိတော့ မနက်ကအဝတ်စားနဲ့မဟုပဲသပ်သပ်ရပ်ရပ်အဝတ်စားနဲ့ပင်။

Make A Wish(System)(Completed)Where stories live. Discover now