ဟခု(Arc -2.4)

7K 704 15
                                    

<Unicode>
"ဟေ့လူ!ထတော့"

ဟခုရဲ့ပုခုံးကိုကိုင်ကာလှုပ်နိုးလိုက်တော့မျက်လုံးပွင့်လာပီး...

"ဂင်း နိုးပီလား sorryကွာ ကိုယ်မင်းကိုတစ်ယောက်ထဲထားရမှာစိတ်မချလို့ ဒီမှာပဲအိပ်လိုက်တာ"

"ရပါတယ် ပီးတော့ ညကအတွက်ကျေးဇူးပဲ"

"မလိုပါဘူးကွာ ကိုယ်က..."

"ငါရေချိုးတော့မယ် မင်းအခန်းမင်းပြန်တော့"

"ဟုတ်ပီ ဟုတ်ပီ"

ဟခုထွက်သွားတော့မှသူလဲရေမိုးချိုးကာကျောင်းဝတ်စုံကိုသပ်သပ်ရပ်ရပ်ဝတ်ပီးအောက်သို့ဆင်းလာသည်။

................

"ဂင်း ထိုင်အုံး ကိုယ်ပီးတော့မယ်"

မီးဖိုခန်းထဲတွင်ဟခုကအေပရွန်ဝတ်ကာမနက်စာလုပ်နေသည်။ဂင်းစားပွဲဝိုင်းတွင်ဝင်ထိုင်ကာဟခုလုပ်သမျှကိုသေချာလိုက်ကြည့်နေသည်။စိတ်ဝင်စားလို့တော့မဟု အဆိပ်ခတ်မှာဆိုးလို့သာ။အရင်ကဆိုမနက်စာပြင်ပေးဖို့မပြောနဲ့ မနက်စာကိုတောင်အိမ်မှာမစားတဲ့သူက အခုသူ့အတွက်ပြင်ပေးနေတာမို့ ခပ်လန့်လန့်။

ခနနေတော့ထမင်းပေါင်းနဲ့ကြက်ဥမွှေကြော်လေးရလာသည်။ပန်းကန်ကိုဂင်းရဲရှေ့မှာချပေးကာပြုံးပြလာပြန်သည်။ဂင်းထိုပန်းကန်ကိုကြည့်လိုက်တော့...

*အင်း စားလို့တော့ရမှာပါ အဆိပ်လဲခတ်တာမမြင်ဘူးဆိုတော့*

ဇွန်းကိုကိုင်ကာတစ်လုပ်ခပ်စားလိုက်တော့....

"အွန်း!!!!"

"ဘာဖြစ်လို့လဲ ဂင်း!"

"အရမ်းကောင်းတယ်!ခဗျားဘယ်ကသင်လာတာလဲ အရမ်းအရသာရှိတာပဲ"

ပြောလဲပြော ထမင်းပေါင်းကိုလဲပါးစပ်ထဲအသားကုန်သွတ်သွင်းနေတဲ့ဂင်းကြောင့် မနင်အောင်ကျော်လေးပုတ်ပေးကာနွားနို့လေးပါငှဲ့ပေးလိုက်သည်။ဒါကိုတော့အစားကိုသာစိတ်ရောက်နေတဲ့ဂင်းကသတိမထားမိပေ။

*မင်းကြိုက်မှန်းကိုယ်သိတာပေါ့ ဓူဝံရယ်*

အရင်ဘဝမှာဓူဝံနဲ့တွဲခဲ့တုန်းကဓူဝံကထမင်းပေါင်းအရမ်းကြိုက်မှန်းသူသိခဲ့ရသည်။ထို့ကြောင့်ထမင်းပေါင်းလုပ်နည်းကို သူ့ရဲ့ပါးပါးဆီကနေအချိန်အတော်ကြာသင်ယူခဲ့ပီး အခုဆိုကျွမ်းကျင်စွာချက်တတ်နေပီဖြစ်သည်။

Make A Wish(System)(Completed)Onde histórias criam vida. Descubra agora