ရွှေရိုး(Arc -6.5)

5.5K 556 19
                                    

<Unicode>
"အားလုံးရပ်ကြစမ်း!!!"

"ဆရာတော်ဘုရား!"

ဆရာတော်ကသူတို့ရှိရာဆီလျှောက်လာပီး....

"ကလေးတေကိုလွှတ်ပေးလိုက်"

"ဗျာ!"²

"မင်းတို့အကုန်ကျောင်းထဲလိုက်ခဲ့ကြ"

ဆရာတော်ကမိန့်တာကြောင့်အားလုံးနောက်ကနေလိုက်သွားကြသည်။ကျောင်းထဲရောက်တဲ့အထိရွှေရိုးကရေကြည်ရဲ့လက်ကိုမဖြုတ်တဲ့အပြင်ရေကြည်ကလဲကျစ်နေအောင်ပြန်ဆုပ်ကိုင်ထားသည်။

"ကြည်အေး လူရိုး"

"တင်ပါ့ဘုရား"

"မင်းတို့နှစ်ယောက်ကဘယ်တော့ပြန်တည့်ကြမှာလဲ"

"......"

"မင်းတို့နှစ်ယောက်ကအရင်ကအရမ်းကိုခင်ကြတဲ့သူငယ်ချင်းတေပါ မိန်းကလေးတစ်ယောက်ကြောင့်နဲ့အခုတောင်နဲ့မြောက်ကွဲကုန်ကြရတယ်လို့"

"မိန်းမကြောင့်မဟုပါဘူးဘုရား အဲ့ကောင်လူရိုးကကျောလို့ပါဘုရား"

ရေကြည့်အဖေကြည်အေးကလဲအားကျမခံပြန်ပြောလေသည်။

"ငါတို့နှစ်ယောက်အတူရည်စားစကားပြောတာလေ သူ့ဘာသာငါ့ကိုပြန်ကြိုက်တာဘာဖြစ်လဲ!"

"အောင်မာ မင်းငါ့မကောင်းကြောင်းပြောလိုက်လို့ လှယဉ်ကငါ့ကိုငြင်းတာလေ"

"ငါပြောတာမှာလား မင်းငယ်ငယ်က ဂျိုးကိုဂဏန်းညှပ်ခံရလို့တိုတိုလေးပဲရှိတယ်လို့ပြောတာလေ"

"ဟေ့ကောင် အဲ့တာကလေးတုန်းကကွ အခုအရှည်ကြီးပဲ!!!

"တိတ်စမ်း!!နှစ်ကောင်လုံးဘုန်းကြီးကျောင်းထဲမှာအပြောဆိုဆင်ခြင်စမ်း"

သူကြီးနှစ်ယောက်မှာအပြန်လှန်မျက်စောင်းတခဲခဲဖြင့်။

"မင်းတို့ကသာခုထိမတည့်ကြတာ လှယဉ်ကဖြင့်မြို့တက်အိမ်ထောင်ကျပီးကလေးတောင်နှစ်ယောက်ထွက်ပီးပီ မင်းတို့နှစ်ယောက်လဲသူ့ကိုတကယ်မေတ္တာရှိခဲ့ကြတာမှမဟုတာ အချင်းချင်းပြိုင်ဆိုင်လိုစိတ်ကြောင့်ပဲမဟုဘူးလား"

"......"

"ရန်ငြိုးတေတော်သင့်ပီကြည်အေးနဲ့လူရိုး"

Make A Wish(System)(Completed)Where stories live. Discover now