ရွှေရိုး(Arc -6)

6.2K 560 8
                                    

<Unicode>
*ရွှေရိုးလို့ပဲသုံးပါတော့မယ်*

ရွှေရိုးရွာလယ်ကဘုန်းကြီးကျောင်းကိုခြေလှမ်းသွက်သွက်နဲ့လျှောက်သွားလိုက်တော့ကျောင်းရှေ့တွင်ဆရာတော်ကကြိမ်လုံးကြီးကိုင်ကာ ရှေ့မှာထိုင်နေတဲ့ကောင်လေးသုံးယောက်ကိုဆူနေသည်။

"ဘယ်နှယ့်ကွာ ဘုန်းကြီးကျောင်းထဲကပိန္နဲသီးများခိုးရတယ်လို့!"

"ကျောင်းထဲကမဟုပါဘူးဘုရား ကျောင်းအပြင်ကပါ"

"ငါတယ်!"

အလယ်ကကောင်လေးကလက်အုပ်လေးချီကာဗက်ကနဲပန့ပြောတာမို့ဆရာတော်ကပိုလို့ဒေါသထွက်သွားပုံရသည်။တောသူကြီးသားလေးဆိုတဲ့အတိုင်း တိုက်ပုံအကျင်္ီနဲ့ပုဆိုးကိုကတီပါဖိနပ်လေးနဲ့တွဲဝတ်ကာ လည်ပင်းမှာလဲပုဝါရှည်လေးကိုပတ်ထားသေးသည်။အသားကဖြူတယ်လဲမဟု ညိုတယ်လဲမဟုပဲ ဝင်းဝင်းလေး။လက်အုပ်လေးချီထားတဲ့လက်ကလေးရဲ့ လက်ချောင်းသွယ်သွယ်လေးတွင်ရွေလက်စွပ်တစ်ကွင်းကနေရာယူထားသည်။

"သွား!တိုင်ကိုသွားဖက်ထား!"

"ဆရာတော်ဘုရား!"

"အခုမှလာပီး ဆရာတော်ဘုရားမနေနဲ့ သွားဖက်ပီးပုဆိုးလှန်ထား!"

ထိုအခါဘေးကကောင်လေးကိုတံတောင်နဲ့တွတ်ကာ..

"မင်းအရင်သွား"

"အာစိကလဲ အာစီဦးဆောင်တာလေအာစီအရင်သွား"

"ငါ့အဖေနဲ့ပြန်တိုင်လိုက်ရမလား!"

"ရေကြည်!"

"ဗျာ"

"မင်းကဦးဆောင်တာမင်းအရင်လာ"

"ဟို​လေ ဆရာတော်ဘုရား..."

"အချက်ရေတိုးသွားချင်လား မြန်မြန်လာ!"

ထိုကောင်လေးမှာခြေတုန်ချတုန်နဲ့တိုင်လေးကိုဖက်ကာပုဆိုးကိုခြေသလုံးပေါ်ရုံလေးလှန်တင်လိုက်သည်။

ဖြန်း!

"အား နာတယ်ဘုရား!"

ရိုက်တဲ့အားကဘယ်လောက်ပြင်းသလဲဆိုဖြန်းကနဲအသံနဲ့ခြေသလုံးဖြူဖြူလေးမှာအနီရောင်အစင်းကြောင်းကြီးကချက်ချင်းပေါ်လာတော့သည်။ကြည့်နေတဲ့တပည့်နှစ်ယောက်တောင်ကြက်သီးထသည်အထိပင်။ရွှေရိုးကြည့်ကောင်းကောင်းနဲ့ကြည့်နေရင်းထိုကောင်လေးရဲ့အော်သံကြားမှသတိပြန်ကပ်တော့သည်

Make A Wish(System)(Completed)Where stories live. Discover now