ဂိုဂျွန်း(Arc -4.4)

6.3K 596 9
                                    

<Unicode>
တောရွာလေးတစ်ခုတွင်အဖွားအိုတစ်ယောက်ကအိမ်ရှေ့ကွပ်ပျစ်မှာထိုင်၍အတွေးလွန်နေသည်။ထိုအချိန်ခြံထဲဝင်ရောက်လာတဲ့ဘုရင့်မြင်းစစ်သည်တော်တေကြောင့်လန့်သွားတော့သည်။ထိုနောက်ဝတ်ရုံအဖြူနဲ့လူကမြင်းပေါ်ကနေဆင်းလာကာ.......

"အထိန်းတော်ရီ ငါကိုယ်ကိုမမှတ်မိဘူးလား"

"မင်း မင်းကြီး ဒီအဖွားအိုရိုင်းပြမိပါတယ်!"

ထိုအဖွားအိုကအလျင်မြန်အရိုသေပေးကာ...

"မင်းကြီးကိုယ်တိုင်ကြွလာတာ ဘာအရးကြီးကိစ္စများရှိလို့ပါသလဲ"

"အထိန်းတော်ရီ သင်ကိုယ်တော်ရဲ့မယ်တော်ဆီမှာအလုပ်ကျွေးပြုလာတာဘယ်နှနှစ်လဲ"

"နှစ် နှစ်ဆယ့်ငါးနှစ်ပါ"

"ဒါဆို ကိုယ်တော်မမွေးခင်ကအကြောင်းတေကိုသိဖို့တော်တာ်လုံလောက်တဲ့အချိန်ပဲပေါ့"

"ရှင်"

"ကိုယ်တော်သိချင်တာက ခမည်းတော်နတ်ရွာစံတာနဲ့ပက်တ်ပီးအကြောင်းရာအားလုံးသိချင်တယ်"

"အဲ့ အဲ့တာကဒီအဖွားကြီး မ မသိပါဘူးမင်းကြီး"

"သင်နန်းတွင်းမှာ၂၅နှစ်နေခဲ့တာကို ဘာမှမသိခဲ့ဘူးလို့ပြောချင်နေတာလား"

"ဒီ ဒီအဖွားကြီးကအသက်လဲကြီးပါပီမင်းကြီး မှတ်ဥဏ်တေကလဲပျက်ယွင်းနေတော့မမှတ်မိတာပါ"

မူမမှန်တဲ့မျက်နှာအနေထားကြောင့်သူမ,တစ်ခုခုသိထားတယ်ဆိုတာသေချာနေသည်။ဘယ်လိုမေးမေး မသိဘူးဟုသာငြင်းဆန်နေတာကြောင့်မတတ်နိုင်တဲ့အဆုံး နောက်ကလူတေကိုအချက်ပြလိုက်တော့....

"ဖွားဖွား!"

"မြေးလေး!"

ဝတ်ရုံအနက်နဲ့လူနှစ်ယောက်ကသူမရဲ့မြေးကိုဖမ်းချုပ်ကာလည်ပင်းကိုဓားနဲ့ထောက်ထားတာကြောင့်အထိန်းတော်ရီမှာတုန်လှုပ်လာသည်။

"အထိန်းတော်ရီ သင့်ရဲ့သစ္စာစောင့်သိမှုကိုငါကိုယ်တော်ချီးကျူးပါတယ် အဲ့တော့သင်ရွေးပါ သင့်မြေးရဲ့အသက်လား သင့်ရဲ့သစ္စာတရားလား"

"မင်း မင်းကြီး ကျနော်မျိုးမ,မသိ..."

"အား"

Make A Wish(System)(Completed)Where stories live. Discover now