ဆိုင်မွန်(Arc -7.5)

5.8K 507 1
                                    

<Unicode>
"သခင်လေးထမင်းစားတော့မလား နာအိုပြင်ထားပေးတယ်"

သူ့ကိုလာအချိုသတ်နေတဲ့နာအိုကတစ်ခုခုကြံစည်ထားပုံရသည်။ရိန်းကလဲကြိုတွေးထားပီးသားမို့ ဟက်ကနဲရယ်လိုက်ကာ...

"ငါအပြင်ကမှာစားပီးပီ မင်းပဲစားလိုက်တော့"

"ဘာ!နင်မစားရင်ဘာလို့ငါ့ကိုချက်ခိုင်းထားသေးလဲ!"

"နင်စားဖို့လေ ကိုယ်ချက်ထားတာကိုယ့်ဘာသာပျော်ပျော်ကြီးစားလိုက်ပေါ့"

"နင်!နင်!"

ထင်ထားသလိုဖြစ်မလာတော့နာအိုစွေ့စွေ့ခုန်ပါတော့သည်။ရိန်းစားမလို့ချက်ခိုင်းတယ်ထင်ပီး ချက်ထားသမျှဟင်းတေကိုဆားပုလင်းလိုက်လောင်းထည့်လိုက် တံတွေးထွေးထည့်လိုက်လုပ်သည့်အပြင် ကြမ်းပြင်ပေါ်ပစ်ချထားတဲ့ထမင်းတေကိုပန်ကန်နဲ့ထည့်ပီးပြင်ထားတာဖြစ်သည်။သို့သော် ရိန်းကထိပင်မထိသွားပဲ သူလဲစားလို့မရတာကြောင့်ပင်ပန်းတာပဲအဖတ်တင်လေသည်။

>>>>>>>>>>>>>

ညနေဆိုင်မွန်အလုပ်ကပြန်လာတော့အိမ်ပေါက်ဝမှာထိုင်စောင့်နေတဲ့ရိန်းကြောင့်ပင်ပန်းထားသမျှစိတ်တေကကြည်လင်သွားတော့သည်။

"အချစ်"

"မောင် ပြန်လာပီလား ငါစောင့်နေတာ"

ဆိုင်မွန်လက်ထဲကအိတ်ကိုယူပီးချစ်စဖွယ်ပြောလာတဲ့ရိန်းအား နှဖူးလေးကိုနမ်းလိုက်ကာ..

"ဘာလို့အပေါက်ဝမှာထိုင်စောင့်နေရတာလဲကွာ ကြမ်းပြင်ကအေးနေတာကို"

"မအေးပါဘူးမောင်ကလဲ"

"ကို..သခင်ပြန်လာပီလား"

သူတို့ရှိရာသို့ဖြေးဖြေးချင်းလာနေတဲ့နာအိုကလက်မှာလဲအနာကပ်ပလာစတာတေ လက်မောင်းမှာအညိုရောင်ဒဏ်ရာတေအပြင်ပါးမှာလဲလက်ဝါးရာကြီးနဲ့မို့ရိန်းကြောင်သွားသည်။ညနေကအထိသူမကအကောင်းတိုင်းရှိနေရဲ့သားနဲ့ခုမှထိုဒဏ်ရာတေဘယ်ကဘယ်လိုထွက်လာမှန်းမသိ။

သူမတစ်ခုခုမကောင်းကြံစည်ထားမှန်သိလိုက်ရတော့ရိန်းမောင့်ကိုလှည့်ကြည့်လိုက်ပေမယ့်မောင့်မျက်နှာကပုံမှန်သာ။

Make A Wish(System)(Completed)Where stories live. Discover now