ဆိုင်မွန်(Arc -7.6)

6K 508 10
                                    

<Unicode>
"ထိုးလိုက်!"

ခုချိန်ထိသူမကခေါင်းမာကာလက်မှတ်မထိုးသေးပေ။

"ကောင်းပီလေ ဒါဆိုတရားရုံးကနေစကားပြောကြတာပေါ့ အော် မင်းနဲ့ငါမှားခဲ့ပါတယ်ဆိုတဲ့ညက အခန်းရဲ့cctvငါယူပီးပီ ထောင်ထဲမှာနေဖိုပြင်ထားလိုက်တော့"

ထိုစကားကြောင့်နာအိုမျက်လုံပြူးမျက်စံပြူးနဲ့လန့်သွားကာ...

"ထိုး ထိုးပါ့မယ်"

ထိုအခါမှအောင့်သက်သက်ဖြင့်စာချုပ်မှာလက်မှတ်ထိုးလိုက်ရင်းစိတ်ထဲကနေလဲ...

*အရေးကြီတာထောင်မကျဖို့ပဲ နောက်မှနောက်တစ်နည်းကြံပီးဒီအိမ်ပေါ်ပြန်တက်လာလ့ိုရတယ် ဟက်!*

ဆရာဝန်ကိုတော့အသိသက်သေနေရာမှာလက်မှတ်ထိုးခိုင်းပီးပြန်လွှတ်လိုက်သည်။

"မင်းအထုပ်တေယူပီးအခုပဲအိမ်ပေါ်ကဆင်းတော့"

"ကျ ကျမလဲပိုင်ဆိုင်မှုတစ်ချို့ရသင့်တယ်လေ"

အကြောက်လန့်မရှိတဲ့သူမကိုဆိုင်မွန်လက်ဖျားခါလိုက်သည်။

"ဟုပီလေ မင်းလိုချင်သလောက်ယူပီးသွားတော့"

ဆိုင်မွန်ထိုသို့ပြောမယ်မထင်ထားတဲ့နာအိုကအပျော်ကြီးပျော်ကာသူမအခန်းကိုပြန်သွားပီးအဝတ်စားများထုတ်တော့သည်။

နာအိုထွက်သွားမှအသံတိတ်စွာရပ်နေတဲ့ရိန်းအနားကိုသွားလိုက်ပီး...

"မောင့်ကိုယုံလားအချစ်"

"ငါ့မှာသံသယဝင်ပိုင်ခွင့်ရှိလို့လား"

"ဒါပေါ့ ဘယ်ရှိမလဲ"

ဆိုင်မွန် ရိန်းရဲ့ကိုယ်လုံးလေးကိုသူ့အားကျောပေးလှည့်စေကာနောက်ကနေခါးကိုဖက်လိုက်ပီးလက်တစ်ဖက်ကရိန်းရဲ့လည်ပင်းကိုအားအနည်းငယ်ထည့်ကိုင်ကာ...

"မောင်ကမင်းကိုသေလောက်တဲ့အထိချစ်တာ မောင့်အချစ်ကိုသံသယဝင်ပိုင်ခွင့်မရှိဘူး အဲ့လိုမရှိအောင်လဲမောင်ကအလုပ်နဲ့သက်သေပြမှာ"

"မောင့်ကိုငါအပိုင်လိုချင်လိုက်တာ"

"အချစ်ပိုင်ပီးသားပါ"

Make A Wish(System)(Completed)Where stories live. Discover now