ဇင်း(Arc -5)

6.8K 571 10
                                    

<Unicode>
(mission ကဇာတ်လိုက်(မ)ကိုမချစ်မိစေရန်နဲ့ မိဘတေကိုစိတ်ချမ်းသာအောင်ထားရန်ပါ)

(ဟုတ်ပီ ဒါဆိုအခုဇာတ်လိုက်(မ)ကထွက်သွားပီဆိုတော့သူ့မိဘတေဘယ်အချိန်ရောက်လာမှာလဲ)

(နောက်နှစ်ရက်နေရင်ရောက်လာမှာပါ)

(ဟုတ်ပီ)

*ဇင်းလို့ပဲသုံးပါတော့မယ်*

ဇင်းအိမ်ထဲပြန်ဝင်ကာသူ့အဝတ်စားတေကိုအိတ်နဲ့ထုတ်ကာသိမ်းစရာရှိတာတေကိုသိမ်းဆည်းလိုက်သည်။အိမ်ခန်းကျဉ်းကျဉ်းလေးကိုသိမ်းတာတောင်သူ့မှာမောလာသည်။ကြည့်ရတာအလုပ်ကြမ်းတေလုပ်ခဲ့လို့ဒဏ်ဖြစ်နေသည်ထင်။သူဌေးသားသာပြောတယ် အခုတော့အသားကအညိုဘက်သန်းနေပီး ဒဏ်ရာဒဏ်ချက်တေကလဲမနည်း။အဲ့သလောက်ချစ်ပေးတာကိုတောင် ဇာတ်လိုက်(မ)ကငွေရှိတာဘက်ကိုတစ်ချက်တောင်လှည့်မကြည့်ပဲထွက်သွားနိုင်သည်တဲ့။ဇင်းအရင်ဇာတ်လိုက်အတွက်တကယ်ကိုယူကြုံးမရဖြစ်ရသည်။

>>>>>>>>>>>

နှစ်ရက်ကြာတော့ဇာတ်လိုက်မိဘတေကကားနဲ့ရောက်ချလာပီးသူ့တို့သားရဲ့ပုံစံကိုမြင်တော့ မိခင်ဖြစ်သူကရှိုက်ကြီးတငင်ငိုတော့သည်။သူတို့်ဆီမှာပိုးဥသလိုဥထားပီး စားပီးသားပန်းကန်တောင်မဆေးခိုင်းရက်ခဲ့တဲ့သူတို့သားလေးကအခုတော့တကယ့်ကိုစုတ်ပြတ်သတ်နေတဲ့အိမ်လေးထဲမှာဆင်းဆင်းရဲရဲနဲ့အလုပ်ကြမ်းလုပ်ပီးနေနေရသည်။ဘယ်လောက်ပဲစိတ်ဆိုးနေပါစေ ဒီလိုအခြေနေမျိုးနဲ့တော့ပစ်မထားရက်ပါ။

"သားလေး မေမေတို့နဲ့ပြန်လိုက်ခဲ့ပါကွယ်နော်"

"သားလိုက်ခဲ့ပါ့မယ် အခုကစပီးမေမေတို့စကားကိုမြေဝယ်မကျနားထောင်ပါ့မယ်လို့ကတိပေးပါတယ်"

"သားရယ် အီးဟီး"

ဇင်းသူ့မိခင်ပါးကမျက်ရည်တေကိုသုတ်ပေးလိုက်တော့သူမကဇင်းရဲ့လက်နှစ်ဖက်ကိုကိုင်ကာ....

"လက်လေးတေကြမ်းသွားလိုက်တာသားလေးရယ် အရမ်းပင်ပန်းခဲ့မှာပဲ"

ဇာတ်လိုက်ရဲ့ဖခင်Mr.နေသန်ကAlphaဖြစ်ပီး၊မိခင်Mrs.ထရီနာကomegaတစ်ယောက်ပင်။ထရီနာက,သားဦးလေးဖြစ်တဲ့ဇာတ်လိုက်ကိုခက်ခက်ခဲခဲမွေးခဲ့ရတာဖြစ်ပီး ဇာတ်လိုက်ကိုမွေးပီးပီးချင်းသားအိမ်ထုတ်လိုက်ကြတာကြောင့်ကလေးထပ်မရနိုင်တော့ပေ။ထို့ကြောင့်တစ်ဦးထဲရှိတဲ့ဇာတ်လ်ိုက်ကိုသည်းသည်းလှုပ်ချစ်ကြတာဖြစ်သည်။

Make A Wish(System)(Completed)Where stories live. Discover now