1

2.8K 113 2
                                    

အပိုင်း-၁ (မှိုစွပ်ပြုတ်)

ရှီယု ဒီနေရာကိုရောက်နေတာ တစ်ရက်ရှိသွားပြီ။ ဝိညာဉ်ကူးလာ တယ်ဆိုတာကြီးက ကြောင်တောင်တောင်နိုင်လွန်းပေမဲ့လည်း မတက်နိုင်ဘဲ လက်ခံလိုက်ရ
တယ်။ ဝိညာဉ်ကူးတာနဲ့ ပတ်သတ်တဲ့ ဝတ္ထုတွေအများကြီး ဖတ်ဖူးပြီးသား သူမအနေနဲ့ ဒီကိစ္စကို လက်ခံပေးနိုင်ပေမယ့်လဲ တစ်ခုတည်းသော လက်မခံနိုင် စရာဆိုလို့..... သူဖုန်းစားဘဝကို
ရောက်လာရတာပဲ!

သူမရဲ့ စုတ်တီးစုတ်ပြတ်
အဝတ်အစားလေးကို ငုံ့ကြည့်မိ
တော့လဲ ရလိုက်တဲ့ အနံ့ဆိုးကြီးကြောင့် မူးမေ့တော့ မလိုတောင် ဖြစ်သွားရတယ်။

ရှီယု ဒီဘုံကျောင်းပျက်ကြီးကနေ အပြင်ကိုထွက်ပြီး ကိုယ်လက်သန့် စင်မလို့ ထရပ်လိုက်စဉ်မှာဘဲ ယိုင်သွားတာကြောင့် ဘေးကနံရံတွေကို မှီကာ တံခါးဝဆီရောက်လာခဲ့တယ်။
အဲ့အချိန်မှာဘဲ ကလေးတစ်သိုက်
က ကျောင်းပျက်ကြီးဆီကို စိတ်လှုပ်ရှားစွာနဲ့ ပြေးလာကြ
တယ် ။

"ကျတော်တို့ ပေါက်စီတစ်လုံး ကောက်ရခဲ့တယ်။ ရော့..ဒါ မမအတွက်"

ရှီယု ထိုအဝါရောင်သန်းနေတဲ့ ညစ်ထေးထေးအရာကြီးကို ကြည့်လိုက်ကာ စားချင်စိတ် တောင်ပျောက်သွားတယ်။ ဒါပေမဲ့လည်း သူတောင်းစား ဖြစ်နေမှတော့ အစားရွေးမနေ တော့ဘဲ တစ်ကိုက်ကိုက်လိုက် တယ်။

(မာတောင့်နေတာပဲ! ပြီးတော့ ဂျုံသားကလည်း တော်တော် ကြမ်းလွန်းတယ်!)

သူမ နည်းနည်းလောက် ထပ်စားလိုက်ပြီးမှ ကလေးတွေက ဒီပေါက်စီကို သွားရည်ယိုနေကြ တာ မြင်တော့ ကျန်တာတွေကို ကလေးတွေဆီပေးလိုက်တယ်။
" ရော့! နင်တို့လည်း စားကြလေ!"

"ဒါပေမဲ့ ဘိုးဘိုးက ပြောတယ် မမက နေမကောင်းသေးတော့ မမကို ဂရုစိုက်ရမယ်တဲ့" ကလေးတွေက ပေါက်စီကို မယူကြဘဲ ပြောလိုက်တယ်။

"ရပါတယ်။ ငါ ဗိုက်ပြည့်သွားပြီ" ရှီယု ထိုပေါက်စီကို ကလေးတွေ ဆီ ထပ်ပေးလိုက်ကာ လှေကား
ထစ်ပေါ်မှာထိုင်ရင်း သူတို့နဲ့ စကားပြောနေလိုက်သည်။

သူတို့ပြောတာ ကြားလေလေ သူမ ရဲ့နှလုံးခုန်သံတွေ မြန်လာလေ
လေပဲ။

အင်မော်တယ်လမ်းစဥ်ပေါ်က စားဖိုမှူးလေး (1-200)Where stories live. Discover now