အပိုင်း-၄ (ဝက်သားပေါက်စီ)
အဲ့ညနေမှာ ရှီယု စားသောက်ဆိုင် ကို ရောက်သွားတော့ ဆိုင်ထဲကို အဖိတ်ခံလိုက်ရတယ်။
"ဆရာက မမကိုတွေ့ချင်လို့တဲ့"
"မင်းရဲ့ဆရာကလား?" ရှီယု အံ့ဩသွားပေမယ့်လည်း အလျင် အမြန်သဘောပေါက်သွားကာ "ဟင်းရည်ကြောင့်လား?"
"အင်း" ပုရန် ခေါင်းညိတ်ပြ လိုက်တယ်။
ဒီနေ့ သူ့ဆရာက အဲ့ဟင်းရည်ကို နာရီအတော်ကြာအောင် ချက်ကြည့်နေပေမဲ့လည်း မအောင် မြင်ခဲ့ဘူး။
ရှီယုနဲ့ပုရန်တို့၂ယောက် ဆိုင်ထဲ ဝင်လိုက်ကြကာ ထောင့်စွန်းမှာ စောင့်နေတုန်းမှာပဲ သက်လတ်ပိုင်း အရွယ် လူကြီးတစ်ယောက် ရောက်လာခဲ့သည်။
ရှီယု ထိုလူကြီးကို အကဲခတ်လိုက် တယ်။ သူက အတော်လေး သန့် နေပြီး သာမန်ပုံပေါက်ပေမဲ့ မျက်လုံးတွေက ဉာဏ်များမယ့် ပုံပေါ်ပေမဲ့ ကောက်ကျစ်တဲ့ ပုံတော့မပေါ်ဘူး။ သူ့ကို မြင်တော့ ရုတ်တရက် အကြံတစ်ခုရသွား
တယ်။"ငါ့ရဲ့ မျိုးရိုးနာမည်က လီပါ ဒီဆိုင် ရဲ့ စားဖိုမှူးခေါင်းဆောင်ပဲ ဒီက မိန်းကလေးရဲ့ နာမည်ကရော ဘယ်လိုခေါ်လဲ? "
"ကျမကို ရှောင်ရှီလို့ ခေါ်လို့ရ တယ်"
"ဒီက ရှောင်ရှီမိန်းကလေး " စားဖိုမှူးလီက လိုရင်းကို တန်းပြောလိုက်သည် "မင်းရဲ့ ငါးဟင်းရည်က မဆိုးဘူး ငါ့ကို ပြန်သင်ပေးလို့ရမလား တကယ်လို့ မင်းသာ ပြန်သင်ပေးဖို့ ဆန္ဒရှိမယ် ဆိုရင် ဒီဆိုင်က ငါးရိုးတွေအားလုံး ကို မင်းကိုပေးမယ်လေ"
ရှီယုက ကောက်ခနြဲပန်မေးလိုက် တယ် "အဲ့တော့ ကျမက မသင်ပေး ဘူးဆိုရင် ငါးရိုးတွေ ထပ်မပေး တော့ဘူးဆိုတဲ့သဘောလား"
စားဖိုမှူးလီက ပြန်မဖြေဘဲ သူမ ကိုသာ ကြည့်လိုက်တယ်။ သူ့ရဲ့ အဓိပ္ပါယ်က ရှင်းရှင်းလေးပဲ။
သူ့မျက်လုံးထဲမှာတော့ ရှီယုက နုံအအ ကလေးမလေးသာသာပဲ သူသာ ငါးရိုးတွေ ထပ်မပေးတော့ ဘူးလို့ ခြိမ်းခြောက်လိုက်ရင် သူမက ဟင်းချက်နည်းကို ချက်ချင်း သင်ပေးမှာပဲလို့ တွေးလိုက်တယ်။