2

779 83 0
                                    

အပိုင်း-၂ (သီးစုံငါးခေါင်းဟင်းရည်)

နာရီဝက်လောက် ကြာတော့ တောင်အောက်ကလူတွေ အာလုံး
ပြန်ရောက်လာကြတယ်။

ရှီယု ရှေ့ဆုံးကနေလာတဲ့ အဘိုးအိုကို ကြည့်လိုက်မိတယ်။ ထိုအဘိုးအိုက နှစ်ပေါင်းများစွာ အစာလုံလုံလောက်လောက်မစား ခဲ့ရတာကြောင့် ပိန်လှီနေပြီး မျက်လုံးတွေက အရောင်ဖျော့နေ သလို အဝတ်တွေကလဲ စုတ်ပြဲနေ သေးကာ လက်သည်းတွေကလဲ ညစ်ပေနေတာကြောင့် တကယ်ကို သူတောင်းစားတစ်ယောက်နဲ့ တူနေတော့တယ်။

"ကလေးမကြီး, နေကောင်းသွား ပြီလား?" အဘိုးအိုက သူမခေါင်း ပေါ်က ဒဏ်ရာကို ကြည့်ကာ လှမ်း မေးလိုက်တယ်။

(ကလေးမကြီး!)
ရှီယု နှုတ်ခမ်းတွေက တွန့်ရှုံ့ သွားကာ ခဏကြာမှ သူမ မျက်တောင်တွေကို ပုတ်ခတ် ပုတ်ခတ်လုပ်ပြီး လိမ်ပြောလိုက် တယ်။
"ဘိုးဘိုး.. စောစောက ဘိုးဘိုးမရှိတုန်းက အင်မော်တယ် တစ်ယောက်လာသွားပြီး သမီးကို နှိုးသွားတယ် ပြီးတော့ သမီးရဲ့ မရီဒျန်ဆိုလား ဘာလား အဲ့တာကို ဖွင့်ပေးသွားတယ်။ အိုး! ဟုတ်သားပဲ! ပြီးတော့ သူက သမီးကို နာမည်လည်းပေးသွား သေးတယ် ရှီယုတဲ့!"

(ဒီလိုနည်းနဲ့ဆို နောက်ပိုင်း ပြဿနာတစ်ခုခုကြုံလာတိုင်း အဲ့ တစ်ယောက်ကို လွှဲချလိုက်ရုံ
ပဲ...)

"အင်မော်တယ်?" အဘိုးအိုက နည်းနည်းတော့ ထူးဆန်းသလို ခံစားရပေမယ့်လည်း သူမကို ကြည့်လိုက်မိကာ လက်ခံသွား
တယ်။
(အင်းလေ, မိုးပျံမြေလျှိုးနိုင်တဲ့ ကျင့်ကြံသူတွေကပဲ အသက်ပြန် သွင်းနိုင်စွမ်းရှိတာဆိုတော့လဲ...)

အဲ့နောက် သူ ရှီယုကို သေချာကြည့်လိုက်ကာ "အဲ့တော့ မင်းအခု ခေါင်းကြည်သွားပြီလား? ကောင်းကောင်းတွေးနိုင် သွားပြီပေါ့?"

ရှီယု ခေါင်းညိတ်ပြကာ "ဟုတ် သမီး သက်သာသွားပြီ။ ပြီးတော့ အဲ့ပုဂ္ဂိုလ်ကြီးက မပြန်ခင်မှာ သမီးကို စွမ်းရည်တစ်ခုတောင် ချီးမြှင့်လိုက်သေးတယ်။အဲ့ဒီ စွမ်းရည်ကြောင့် သမီးက အခုဆို တောတောင်တွေထဲက ပစ္စည်းတွေကိုတောင်မှ အရသာ
ရှိတဲ့ ဟင်းပွဲတွေအဖြစ်
ပြောင်းလဲနိုင်သွားပြီ။ ဟိုမှာ ကြည့်လေ..."

အင်မော်တယ်လမ်းစဥ်ပေါ်က စားဖိုမှူးလေး (1-200)Where stories live. Discover now