30

449 53 2
                                    

အပိုင်း-၃၀ ( ပိန်းဥကိတ်)

ရှီယု စိတ်ဝိညာဉ်သားရဲတောင်ပေါ် က တူလားခဲ့တဲ့ ပိန်းဥနှစ်လုံးကို ထုတ်ယူလိုက်ကာ အခွံခွာလိုက် တယ်။ပိန်းဥတွေကို အခွံခွာပြီး တော့ ပေါင်းခံတဲ့ဇကာထဲထည့်ကာ စပေါင်းထားလိုက်တယ်။ ကိတ်မုန့် တွေထဲ အစာသွပ်ဖို့ ပဲနီလေးကို သုံးလိုက်တယ်။ အဲ့တာတစ်မျိုးထဲ နဲ့ဆို ပိန်းဥရဲ့စိမ်းသက်သက်အရ သာ မပျောက်နိုင်မှာစိုးတာကြောင့် ကြက်ဥနို့ပေါင်းကိုပါ အစာသွပ်တဲ့ အနေနဲ့သုံးဖို့ ဆုံးဖြတ်လိုက်တယ်။

ကြက်ဥနို့ပေါင်းလုပ်ရင် တကယ် ခက်ခဲတဲ့အပိုင်းက ထောပတ်ပဲ။ ကြက်ဥနို့ပေါင်းကောင်းကောင်း တစ်ခုကို လိုချင်ရင် ထောပတ်က အဓိကပဲ။ ကံကောင်းချင်တော့ မြောက်ပိုင်းက လာတဲ့ ကုန်သည် တွေဆီမှာ ထောပတ်ပါကောင်း
လေးတွေပါလာတာနဲ့ သူမ သူတို့နဲ့ ကုန်ချင်းဖလှယ်လိုက်တယ်။

ရှီယု မြန်မြန်ဆန်ဆန်ပဲ ကြက်ဥ၊ ထောပတ်၊ ဂျုံတို့နဲ့ ကြက်ဥနို့ပေါင်း
ကို စလုပ်လိုက်တယ်။ ကြက်ဥနို့ပေါင်း လုပ်လို့ပြီးသွား
တာနဲ့ ပျားရည်နည်းနည်းထုတ်ယူ လိုက်ကာ ပြုတ်ထားတဲ့ ပိန်းဥကို ကြိတ်ချေလိုက်ပြီး ပျားရည်ထည့် ကာ ရောနယ်လိုက်တယ်။ သူမ နယ်ထားတာတွေကို အလုံးလေး လုံးလိုက်ပြီး အပေါ်ကနေ ဂျုံမှုန့်
ဖြူးလိုက်ကာ လက်ဖဝါးပေါ်တင်
ပြီး ဖိလိုက်တယ်။ အဲ့ပေါ်မှာမှ ကြက်ဥနို့ပေါင်းကို တင်လိုက်ကာ ပုံစံခွက်ထဲကို ထည့်လိုက်တယ်။ကိတ်မုန့်တွေကို ပုံဖော်ပြီးတာနဲ့ အိုးထဲမှာ ထည့်​ပေါင်းလိုက်ကာ အထဲက ကြက်ဥနို့ပေါင်းတွေ အရည်ပျော်စေဖို့အတွက် အိုး
အပြင်ဘက်ကနေ သူမရဲ့ အပြာရောင်မီးတောက်တွေကို လည်ပတ်စေလိုက်တယ်။ ပိန်းဥကိတ်မုန့်တွေ ရွှေရောင်သန်း လာတာနဲ့ တစ်ခုလောက် ထုတ်ယူ ကာ တစ်ကိုက်ကိုက်ကြည့်လိုက်
တယ်။ ချိုမြိန်မှုက ပါးစပ်ထဲမှာ ပျံ့နှံ့လာကာ နို့နံ့သင်းသင်းလေးက နှာခေါင်းထဲကို တိုးဝင်လာခဲ့သည်။

(အရသာရှိလိုက်တာ!)

"ငါလဲစားချင်တယ်!ငါလဲ
စားချင်တယ်!" သူမဘေးမှာ ရှိနေတဲ့ မုန်လာဥမိစ္ဆာလေးက ဟိုလှိမ့်ဒီလှိမ့်လုပ်ကာ ပူဆာလိုက်
တယ်။

အင်မော်တယ်လမ်းစဥ်ပေါ်က စားဖိုမှူးလေး (1-200)Where stories live. Discover now