47

374 52 0
                                    

အပိုင်း-၄၇ (ဆာရှီမီ)

အဲ့တစ်ယောက်က ကျိန်းသေပေါက် လင်းဖန်ပဲနေမှာ။

(နောက်ဆုံးတော့ လင်းဖန် ရောက်လာပြီပဲ...)

ရှီယု စိတ်လှုပ်ရှားလာကာ (ငါ ဖက်ထားရမယ့် အကြီးဆုံး ပေါင်တံ၂ချောင်းထဲက တစ်ချောင်း နောက်ဆုံးတော့ ရောက်လာပြီပဲ! ဒီပေါင်တံကြီးက ဘယ်တော့မှ မယိုင်လဲ မပြိုလဲသွားမယ့် ပေါင်တံကြီးပဲ!ဟားဟား! ငါ အတတ်နိုင်ဆုံး ဒီပေါင်တံကြီးကို တင်းတင်း ဖက်ထားမှ ဖြစ်မယ်)

(ဒါပေမဲ့ အဲ့ပေါင်တံကြီးကို သွားမ တွေ့ခင် လေလံပွဲကို အရင်သွား ရမယ်။)
ပွဲက မနက်မှ စမှာဖြစ်ပြီး ဧည့်သည်တွေက ဖိတ်စာရဲ့ အစဉ် အတိုင်း ထိုင်ရမှာပဲဖြစ်တယ်။

ရှီယု အဲ့ကို ရောက်သွားတော့ အစေခံတစ်ယောက်က လမ်းပြ ပေးလိုက်တယ်။ခန်းမကြီးက ကျယ်ပြန့်လွန်းပြီး ခမ်းနာစွာ အလှ ဆင်ထားကာ လေကောင်းလေ သန့်ရအောင်ပါ ပြင်ပေးထား
သေးတယ်။ အထဲမှာ လူ
အယောက်၅,၀၀၀စာ ထိုင်ခုံတွေကို ပြင်ပေးထားတယ်။လူအများစုက ရောက်နေကြပြီဖြစ်ပေမယ့် သူမ ဘေးက ခုံတွေကတော့ နေရာ လွတ်နေသေးတယ်။

လေလံပွဲလဲ မစသေးတော့ ရှီယု ဈေးထဲ လျှောက်သွားကြည့်ဖို့ ဆုံးဖြတ်လိုက်တယ်။သူမ ထောင့်တစ်နေရာရောက်တော့ ရုတ်တရက် တံတောင်ဆစ်ကနေ အဆွဲခံလိုက်ရတာကြောင့် အော် ပြီး အကူအညီ တောင်းမလို့ ပြင် စဥ်မှာပဲ ထိုလူရဲ့မျက်နှာကို မြင်လိုက်ရတယ် "လင်းဖန်, ရှင်က ဘယ်လိုဖြစ်ပြီး ဒီကို
ရောက်နေတာလဲ?''

လင်းဖန်လည်း သူမကို တအံ့တဩနဲ့ စိုက်ကြည့်လိုက်ကာ "မင်း.... အဆင်ပြေရဲ့လား?"

ရှီယု ဘာမှ ပြန်မပြောရသေးခင် မှာဘဲ သူက ဆက်ပြောလိုက်
တယ် "မင်း အဆင်ပြေနေတာ
ကောင်းတယ်"

(ငါ့ကို ဘယ်လို ဒုက္ခတွေများ ကြုံရမယ်ထင်လို့လဲ!)

ဒုက္ခဆိုတာကြီးကို စဉ်းစားမိရုံနဲ့ ချွေးစေးတွေ ထွက်လာကာ..
(တခြား ကိစ္စပြောလိုက်တာပဲ ကောင်းမယ်)

"ဟုတ်သားပဲ။ ကျမ မိသားစုရော ဘယ်လိုနေကြလဲ?"

"မင်းရဲ့ မိသားစုဝင်တွေ အဆင်
ပြေပါတယ်။ ရှောင်ချီကို ကိုယ့်
အဖေကိုယ်တိုင် သင်ပေးနေတယ်၊ လောင်အာလဲ အတူတူပဲ။အဘိုးလဲ ပိုပြီးကျန်းမာရေးကောင်းလာ
တယ်။ တစ်ခုပဲ လူတိုင်းက မင်းကို လွမ်းနေကြတာ"

အင်မော်တယ်လမ်းစဥ်ပေါ်က စားဖိုမှူးလေး (1-200)Where stories live. Discover now