အပိုင်း-၃၄ (မှိုကင်)
"သူငယ်ချင်းတွေထက် သူစိမ်းကို ပိုပြီး ဦးစားပေးနေတယ်ပေါ့လေ? ဖုန်းလျို, ရှင့်ကိုယ်ရှင် ဘာမှတ်နေ လဲ?'' မုန့်လီ ပြောနေရင်းနဲ့ အတွေးပေါက်သွားကာ "ရှင်, ရှင်.... တကယ်ကြီး....."
"မင်း ကိုယ့်ကို စွပ်စွဲနေတာလား?'' ဖုန်းလျို ကိုယ့်နား ကိုယ်ပြန်မယုံ
နိုင် ဖြစ်သွားရတယ်။ သူ့
မျက်ဝန်းတွေကလဲ နာကျင်ရိပ် ထင်သွားကာ "ကိုယ် မင်းကို ဘယ်လို သဘောထားလဲဆိုတာ မင်း မသိဘူးလား? ကိုယ်က ရှီယု ကို ဘက်လိုက်နေတာ မဟုတ်ဘူး မင်းတို့တွေကသာ သူ့ကို ဝိုင်းပြီး အနိုင်ကျင့်နေကြလို့ အမှန်ကို ဝင်ပြောနေရတာ""ဒါဆို ရှင်က ဘာကိစ္စ သူနဲ့ ပျော်ပျော်ကြီး စကားတွေပြောနေ
ရတာလဲ?''"ကိုယ့်မှာ သူငယ်ချင်းတောင် ထားခွင့်မရှိတော့ဘူးလား?''
"သူငယ်ချင်းတဲ့လား?'' မုန့်လီ နှလုံးသားက ဗလာဖြစ်သွားကာ
"ဒီလောက်ကြီး မြန်မြန်ဆန်ဆန် သူငယ်ချင်းတွေ ဖြစ်လာကြတာ ကျမနေရာကို ဝင်ယူဖို့ဆိုရင် ဘယ်လောက်များ ကြာမလဲ မသိဘူးနော်!''"မင်း! ကိုယ် အမှန်တွေ ပြောနေ တာတောင်မှ မယုံသေးဘူးလား!'' ဖုန်းလျို ထပ်ရှင်းပြချင်ပေမယ့်လဲ မုန့်လီရဲ့ သံသယအကြည့်တွေကို မြင်တော့ ကြေကွဲသွားတယ်။
သူ ချစ်ရတဲ့သူဆီကနေ အခုလို သံသယအဝင်ခံနေရမှတော့....
"အဟက်!"
သူ့ရင်ထဲက ဒေါသတွေက လှောင် ရယ်လိုစိတ်အဖြစ် ကူးပြောင်း သွားတယ်။ "ဒီလိုဆိုမှတော့ ကိုယ်တို့တွေ အချိန်ခဏလောက်
ယူပြီး စိတ်အေးအေးနဲ့ စဉ်းစားကြ
ရအောင်!''"အချိန်ယူပြီး စဉ်းစားအုံးမယ်? အဲ့အစား တစ်ခါတည်း လမ်းခွဲလိုက်တာမှ ပိုကောင်းအုံး မယ်!''
"မင်း ဘာပြောလိုက်တာလဲ?''
ဖုန်းလျို သူများ နားကြားမှားနေ သလားဆိုပြီး ထပ်မေးလိုက်
တယ်။သူ့ရဲ့ အမူအရာကို မြင်တော့ သူ့ ရင်ထဲမှာ သူမ ရှိနေသေးတယ်ဆို ပြီး မုန့်လီလဲ ကျေနပ်သွားတယ်။ ဒါပေမဲ့ သူမ ပါးစပ်ကနေ ပြော လိုက်တာက "ကျမတို့တွေ လမ်းခွဲ ကြမယ်လို့ ပြောနေတာ!''