11

575 74 1
                                    

အပိုင်း-၁၁ (ခရင်မ်ကိတ်)

နေမင်းကြီးက ပင်လယ်နောက် ပျောက်ကွယ်သွားပြီးနောက် ညအချိန်ကို ရောက်လာခဲ့တယ်။ လူတွေက နေ့ဘက်ဆို အလုပ်များနေကြတာကြောင့် ညဘက်ရောက်မှသာ အနားယူ နိုင်ကြတာကြောင့် ဒီအချိန်က ချင်းရှန်မြို့ရဲ့ အစည်ကားဆုံး အချိန်ပဲဖြစ်တယ်။

လမ်းပေါ်မှာ လူတွေနဲ့ ပြည့်နေပြီး စားသောက်ဆိုင်တွေရဲ့ ဟင်းနံ့တွေကလည်း လေထုထဲမှာ ပျံ့နှံ့နေတယ်။ အသက်ကလေးရှူ လိုက်ရုံနဲ့တင် ရလိုက်ရတဲ့ ဟင်းနံ့တွေကြောင့် ဗိုက်ထဲက
တောင် တဂွီဂွီမြည်လာလိမ့်မယ်။ လူတစ်ယောက်က သူကြိုက်တဲ့ ခေါက်ဆွဲဆိုင်မှာ ထိုင်ကာ ပုံမှန် စားနေကြ ခေါက်ဆွဲတစ်ပွဲ မှာနေချိန်မှာဘဲ ထူးခြားတဲ့ အနံ့တစ်ခုကို ရလိုက်တယ်။

ထိုအစပ်နံ့မွှေးမွှေးလေးကို ရှူလိုက်ရုံနဲ့တင် သွားရည်ယိုလာ တာကြောင့် ခေါက်ဆွဲပန်းကန်ကို ထားခဲ့ကာ ထိုအစပ်နံ့ရဲ့ နောက်ကို လိုက်လာတော့ လူတွေ စည်ကား
နေ​ကြတဲ့ ဆိုင်သေးသေးလေး
တစ်ဆိုင်ရှေ့ကို ရောက်သွားခဲ့
တယ်။

စားပွဲတွေနဲ့ထိုင်ခုံတွေကို ဆိုင်ရှေ့က သစ်ပင်ကြီးရဲ့ အောက်မှာ နေရာချထားပြီး ဆိုင် ရှေ့က အိုးအကြီးကြီး တစ်လုံးထဲ မှာတော့ အနီရောင် ကျောက်ပုဇွန်တွေ အများကြီး ထည့်ထားတာကို ကြည့်ရုံနဲ့တင် သွားရည်ကျလာစေတယ်။

"ကျောက်ပုဇွန် ကီလိုဝက်ကိုမှ ကြေးပြား၂၀ထဲနော်! မြန်မြန် ဝယ်ထားကြနော်! ကုန်သွားရင် ထပ်မရတော့ဘူး!''

တစ်ယောက်က ထိုစားပွဲထိုးလေး ကို မြင်သွားကာ "ဟေ့! မင်းက မြို့ပေါက်မှာ ပေါက်စီတွေ ရောင်းနေကြ တစ်ယောက်မလား? ဘာလို့ အဲ့မှာ ထပ်မရောင်းတော့ တာလဲ?''

လောင်အာ ပြန်ကြည့်လိုက်တော့ ထိုလူက သူတို့ဆီမှာ လာဝယ်နေ ကြ ဖောက်သည်တစ်ယောက် ဖြစ်နေတာကို တွေ့လိုက်ရတယ်။
သူ ထိုတစ်ယောက်ကို ပြုံးပြလိုက် ကာ "ကျတော်တို့က ဒီမှာဘဲ ရောင်းကြတော့မှာ။ တကယ်လို့ ပေါက်စီစားချင်တယ်ဆိုရင်တော့
မနက်ပိုင်း လာခဲ့လိုက်လေ။ ညဘက်ဆိုရင်တော့ ကျောက်
ပုဇွန်တွေပဲ ရောင်းတာ... ဦးလေးရော ဝယ်အုံးမလားဗျ?!''

အင်မော်တယ်လမ်းစဥ်ပေါ်က စားဖိုမှူးလေး (1-200)Where stories live. Discover now