အပိုင်း-၃၉ (မှိုအသားလိပ်)
ရုတ်တရက် တစ်ဆိုင်လုံး ရုတ်ရုတ်
သဲသဲဖြစ်သွားကာ လူအများစုက
လဲ ဘာဖြစ်တာလဲဆိုတာ သိချင်လို့ ထိုနေရာကို လိုက်သွားကြတယ်။
စိတ်ပူနေကြတဲ့သူတွေက အရာရှိတွေကို ချက်ချင်း သွား
အကြောင်းကြားလိုက်ကြတယ်။ရှီယုလဲ အစက သွားကြည့်ချင်ပေမဲ့ လူတွေအုံနေကြတော့ မသွားတော့ ဘဲ ငွေလက်မှတ်တွေကို တူထည့် တဲ့ခွက်ထဲ ထည့်လိုက်ကာ ထွက် လာလိုက်တယ်။
(လက်ပါ ပြတ်ထွက်သွားတာ
ဆိုတော့ အဲ့အဘိုး သနားပါတယ်။
ဆိုင်ရှင်ကလဲ သာမန်လူဖြစ်နေ
တော့ ဘာမှလုပ်ပေးနိုင်မှာမဟုတ် ဘူး။တကယ်လို့သာ ဒီတော်ဝင်ပွဲ တော်ဆိုတဲ့ အရာကြီးကြောင့်သာ မဟုတ်ရင် ဒီဆိုင်လေးက ပျော်ပျော်ရွင်ရွှင်နဲ့ ဆက်ရောင်း သွားနိုင်သွားမှာပဲကို။ အဲ့ပွဲတော်မှာ အရွေးခံလိုက်ရတော့ မသမာတဲ့
သူတွေဆီကို သတင်းရောက်သွား
လို့ အခုလိုမျိုး အကောက်ကြံခံလိုက်ရတာပဲ
နေမှာ...)ရှီယု သက်ပြင်းချလိုက်ကာ လမ်း ကြားလေးထဲကနေ ပြန်ထွက်လာ ခဲ့လိုက်တယ်။
စောစောက မိုးဖွဲဖွဲလေးရွာထားလို့ ပေါ်လာတဲ့ လေကောင်းလေသန့် လေးကို ရှူရှိုက်လိုက်ကာ..
(ဒီကမ္ဘာကြီးက ဝတ္ထုထဲက လောကကြီးဆိုပေမယ့်လဲ အရာအားလုံးက ပြည့်စုံနေတာ တော့ မဟုတ်ဘူးပဲ....)ညရောက်လာတော့ ရှီယု လမ်းကြားလေးထဲကို ခိုးဝင်လိုက် တယ်။
(ငါ မျက်စိရှေ့မှာ ကြုံလိုက်ရမှ တော့ ဒီတိုင်းကြီး မျက်နှာလွှဲ မသွားနိုင်ဘူး! ငါ သူတို့ကို နှောက်ယှက်ဖို့လာတာမှ မဟုတ်ဘဲ
အဲ့အဘိုး ဘယ်လောက်
ဒဏ်ရာရသွားလဲလို့ လာကြည်ရုံ လေးပါ!)အဲ့အချိန်မှာဘဲ 'အား'ဆိုတဲ့ အော် သံကြီးက အိမ်ထဲကနေ ထွက်ပေါ်
လာတယ်။(ကြည့်ရတာ အဲ့အဘိုးရဲ့လက် ပြန် ဆက်သွားပြီး ပြန်သက်သာလာဖို့ အချိန်ယူနေတုန်းထင်တယ်။ ဒါပေမဲ့လည်း အရင်လိုမျိုး လက်ကို သုံးနိုင်မှာမဟုတ်လောက် တော့ဘူး။ကံကောင်းရင်တော့ အရင်လောက် လက်ကို မလှုပ်ရှား နိုင်ပေမယ့် နည်းနည်းပါးပါးတော့
လှုပ်ရှားနိုင်လောက်ပါသေးတယ်။)