25

548 59 0
                                    

အပိုင်း-၂၅ (ကြက်တောင်ပံ အစပ်ကင်)

နေ့လည်ပိုင်းရောက်တော့ သူမ၊ ရှောင်ချီနဲ့ လောင်အာတို့ပဲ ရှိနေကြ တာကြောင့် နေ့လည်စာကိုတော့ အရံဟင်းတချို့နဲ့ ဟင်းရည်လေး ရယ် ပြီးတော့ ရိုးရိုးရှင်းရှင်းပဲ အသားနဲ့ ထမင်းရောကြော်ပြီးပဲ စားလိုက်ကြတယ်။

ဒီကလေး၂ယောက်က ငယ်သေး ပေမယ့်လဲ စားကြတဲ့ ပမာဏက တော့ မသေးဘူး။ ရှောင်ချီဆို ထမင်းကြော်၃ပန်းကန်လောက် ကုန်ပြီး လောင်အာက သူ့ထက် ပိုများတယ်။

ထမင်းကြော်ထဲမှာ သုံးထားတဲ့ အသားက စိတ်ဝိညာဉ်သားရဲ ရဲ့အသားပဲဖြစ်ပြီး အသားကို အရင် အပိုင်းလေးတွေအဖြစ် လှီး ဖြတ်လိုက်ပြီး ကြွပ်ရွပြီး အနံ့ မွှေးလာတဲ့အထိ ကြော်လိုက် တယ်။ ပြီးတာနဲ့ မနေ့က လက်ကျန်ထမင်းတွေကို ဒယ်အိုး
ထဲ အရင်ထည့်ကာ ဆားနည်းနည်း ထည့်ပြီး ကြော်လိုက်တယ်။အသားထဲက ထွက်လာတဲ့ အဆီတွေက ထမင်းတွေထဲ စိမ့်ဝင်သွားကာ မွှေးပျံ့လွန်းတဲ့ အနံ့လေး ထွက်လာတော့တယ်။

ရှောင်ချီနဲ့လောင်အာတို့က အစား ကိုပဲ အာရုံစိုက်စားနေကြချိန်မှာ ရှီယု သူတို့စားတာကို ကြည့်ရင်း ဖန်ခွက်တွေထဲ ရေထည့်ပေးလိုက် တယ်။

"၂ယောက်လုံး စားပြီးရင် မသွား ကြသေးနဲ့အုံး! မမမှာ ပြောစရာ ရှိတယ် "

၂ယောက်လုံး သူမကို အာရုံစိုက် လာတာ မြင်တော့ ဖြည်းဖြည်းချင်း ပြောလိုက်တယ် "အချိန်ကျလာရင် မမ ဒီကနေ ထွက်သွားတော့မယ်"

"ထွက်သွားမယ်ဆိုတာက ဘာကို ဆိုလိုတာလဲ?'' လောင်အာက စိတ်မသာမယာနဲ့ မေးလိုက်တယ်။

"ဆိုလိုတာက မမ ဒီကနေ ထွက်သွားပြီး ခရီးထွက်
တော့မလို့။ နန်းမြို့တော်ကိုလဲ သွားမယ်။ ပြီးတော့ တခြားနေရာတွေကိုလဲ လျှောက်သွားမယ်။ မမက ဒီမှာပဲ တစ်သက်လုံး နေဖို့ အစီအစဉ် မရှိဘူး" အဲ့နောက်တော့ ရှီယု သူမရဲ့ အကြံကို ပြောပြလိုက် တယ် "အခုဆို ဆိုင်ကလဲ မမ မရှိ​လဲ အဆင်ပြေနေပြီလေ"

ဆိုင်စဖွင့်ကတည်းက စီမံခန့်ခွဲမှု အပိုင်းနဲ့ ပတ်သတ်ပြီး တခြား သူတွေနဲ့ပဲ လွှတ်ထားခဲ့တာ။ ဆိုင် မှာ အဓိကဟင်းပွဲလေး တစ်ပွဲ ချက်တာကလွဲရင် တခြားကိစ္စတွေ ကို သူများတွေနဲ့ပဲ လွှဲထားခဲ့တာ။ အဲ့ဟင်းပွဲရဲ့ လျို့ဝှက်ချက်တွေကို လဲ တခြားစားဖိုမှူးတွေကို သေချာ ပြောပြပြီးသွားပြီဆိုတော့ သူမ မရှိရင်တောင်မှ ဆိုင်ရဲ့ အောင်မြင်မှုက လျော့ကျသွားမှာ မဟုတ်ဘူး။ ပြီးတော့လဲ ရှောင်ဝူကိုလဲ ဟင်းပွဲ အတော်များများရဲ့ လျို့ဝှက်ချက် တွေလဲ ပြောပြပြီးသွားပြီဆိုတော့ ကျန်တာက ရှောင်ဝူအပေါ်မှာဘဲ မူတည်တော့တယ်။

အင်မော်တယ်လမ်းစဥ်ပေါ်က စားဖိုမှူးလေး (1-200)Where stories live. Discover now