9

588 77 1
                                    

အပိုင်း-၉ (မာလာကျောက်ပုဇွန်ချက်)

ကျောက်ပုဇွန်ပေါက်တွေက ငါးတွေ ထက်စာရင် ဖမ်းရလွယ်တယ်။ သူတို့တွေရဲ့ အားထုတ်မှုကြောင့် ကျောက်ပုဇွန် တစ်ခြင်းစာလောက် ရသွားကြတယ်။

ရှောင်ချီက ကျောက်ပုဇွန်တစ် ကောင်ကို ကိုင်မြောက်လိုက်ကာ "မမ ဒီညစာ ဒီကောင်တွေကို စားရ မှာလား?''

သူမလက်ထဲက ကျောက်ပုဇွန်က ယက်ကန်ယက်ကန်လုပ်နေတာ ကြောင့် ချော်ထွက်သွားကာ ရွှံ့ရေထဲကို ပြန်ကျသွားကာ ပျောက်သွားတော့တယ်။

"ပြေးသွားပြီ!'' ရှောင်ချီ လိုက်ဖမ်း မလို့ပြင်လိုက်တော့ ရှီယုက ပြန်ဆွဲထားလိုက်ကာ "နေပါစေတော့ မမတို့မှာလည်း အများကြီး ရနေပြီပဲ"

"ဟုတ်" ရှောင်ချီက ခေါင်းငြိမ့်ပြ လိုက်ကာ ပန်းတွေသွားခူးတော့
ရှီယု ပြုံးလိုက်မိတယ်။ ရှောင်ချီရဲ့ နောက်ကို လောင်အာ, ရှောင်ဝူနဲ့ ရှောင်လျူတို့က ခြင်းတွေကိုင်ကာ ပြေးလိုက်သွားကြတယ်။

ရှောင်ချီက ပန်းကုံးလေးတွေ ကိုင်လာကာ တစ်ကုံးကို ရှီယု ခေါင်းပေါ်တင်ပေးလိုက်ပြီး နောက်တစ်ကုံးကို သူမခေါင်းပေါ် ပြန်တင်လိုက်တယ်။

ရှီယု ဒီလို အပူအပင်ကင်းတဲ့ ဘဝလေးကြောင့် ပျော်ရွှင်စွာ ရယ်မောမိသွားတယ်။

(သာယာတဲ့လေညင်းလေးတွေ ပန်းတွေနဲ့ ရှေးခေတ်က ရှုခင်း
လှလှလေးတွေ...... ဒီလိုဘဝမျိုးက မဆိုးဘူးပဲ!)

သူတို့တွေ ပြန်လာကြတော့ လူတချို့က မြင်သွားကြကာ "ဒါတွေနဲ့ မင်းတို့်တွေ ဘာလုပ်ကြ
မလို့လဲ?"

"အရသာရှိတာချက်မလို့" ရှောင်ချီ သူတို့ရဲ့ မမက ဒါတွေကို ဘယ်လိုမျိုးအရသာရှိအောင် ဖန်တီးမလဲဆိုတာ စဉ်းစားမိတော့ သွားရည်ယိုသွားတယ်။

"ဒါတွေက ညစ်ပတ်လွန်းပြီး သန့်ရှင်းရေး လုပ်ရတာလည်း ခက် သေးတယ် ဒီလို ရွှံ့အရသာကြီးကို စားရတာက ဘာများကောင်းလို့ လဲ?" ဘေးက တခြားလူတွေရဲ့ နှုတ်ခမ်းတွေက ရှုံ့မဲ့သွားကြတယ်။

"ဆင်းရဲသားတွေပဲ ဒါမျိုးတွေ စားမှာ" ဘေးကဖြတ်သွားတဲ့ အထက်တန်းလွှာ အမျိုးသမီးတွေ က လှောင်ပြောင်လိုက်တယ်။

အင်မော်တယ်လမ်းစဥ်ပေါ်က စားဖိုမှူးလေး (1-200)Where stories live. Discover now