48

369 56 0
                                    

အပိုင်း-၄၈ (ဆာရှီမီ)

လူတစ်ယောက်က စင်ပေါ်ကို ကျောင်းစိမ်းသေတ္တာလေး သယ် လာခဲ့ကာ အထဲက ဓါးမြှောင်လေး ကို ဖွင့်ပြလိုက်တယ်။
ထိုဓားမြှောင်ရဲ့ ဓားလက်ကိုင်က
နေ ဓားသွားအထိ မည်းနက်နေပြီး
အသွားစွန်းတွေကတော့ ထက်ရှ
ကာ အပြာရောင်တောက်ပနေ
တယ်။

ထိုဓားမြှောင်ကို မြင်မြင်ချင်း ရှီယု ရဲ့ နှလုံးခုန်သံတွေ မြန်လာခဲ့
တယ်။
သူမစိတ်ထဲမှာ အဲ့ဓားမြှောင်နဲ့ ရေစက်ဆုံနေသလိုမျိုး ခံစားမိ တယ်။

(ဘာပဲဖြစ်ဖြစ် ဒီဓားမြှောင်ကို ရ အောင်ဝယ်ရမယ်!)

အဲ့အချိန်မှာဘဲ စင်ပေါ်က လူကြီး က စိတ်လှုပ်ရှားစွာနဲ့ စတင် ကြေညာလိုက်တယ် "ဒီဓားမြှောင်
ရဲ့ မူလအစကိုတော့ ဘယ်သူမှ မသိကြပါဘူး။ဒါပေမဲ့ သူ့ရဲ့ လက်ရာကိုကြည့်ရုံနဲ့တင် ဘယ် လောက် အဖိုးတန်နေမှန်း သိသာ ပါတယ်။ဒီဓားမြှောင်ရဲ့ အဆင့် သတ်မှတ်လိုက်တော့ လျှို့ဝှက် ဆန်းကြယ်အဆင့်နဲ့ နီးစပ်တယ်
ဆိုတာကို သိလိုက်ရပါတယ်
ခင်ဗျာ...!"

လျှို့ဝှက်ဆန်းကြယ်အဆင့် ဆိုတဲ့ စကားလုံးကို ကြားလိုက်ရတာနဲ့ အောက်ကလူတွေအားလုံး ရုတ်ရုတ်သဲသဲတွေ ဖြစ်ကုန်ကြ တယ်။ သူတို့တွေရဲ့ အသက်ရှုသံ တွေက မြန်လာကြပြီး ထိုဓားမြှောင်ကို စိုက်ကြည့်လိုက်
ကြတယ်။ လျှို့ဝှက်ဆန်းကြယ်အဆင့်
ဆိုတာနဲ့ အဲ့ပစ္စည်းက အမြဲတမ်း ဈေး၂ဆလောက်တက်သွားတတ် တယ်။

ဒါပေမဲ့ တချို့သူတွေကတော့..
"လျှို့ဝှက်ဆန်းကြယ်အဆင့်နဲ့ နီးစပ်ရုံလေးပဲကို တကယ် လျှို့ဝှက်ဆန်းကြယ်အဆင့်မှ မဟုတ်တာ။အဲ့၂ခုကြားက ခြားနားချက်က အကြီးကြီးပဲလေ။ဒါကို မရောလိုက်သင့်ဘူး"

အဲ့လူ ပြောလိုက်တာနဲ့ စောစောက စိတ်လှုပ်ရှားနေကြတဲ့ လူအုပ်ကြီး က ငြိမ်ကျသွားကာ လေလံပစ္စည်း တွေကို မိတ်ဆက်ပေးနေတဲ့ သူ တောင်မှ စိတ်ညစ်သွားတယ်။ ဒါပေမဲ့ သူကလဲ အတွေ့အကြုံရင့် နေတဲ့ လူတစ်ယောက်ဆိုတော့ လေလံပွဲကို ပုံမှန်အတိုင်းပဲ ပြန်စ, လိုက်တယ် "ဒီဓားမြှောင်ရဲ့ တန် ကြေးကတော့ ငွေတုံး၁သန်းပါ တစ်ခါပြိုင်ခေါ်တိုင်း ငွေတုံး
၁၀,၀၀၀စီ တိုးခေါ်ပေးရပါ
မယ်..."

အင်မော်တယ်လမ်းစဥ်ပေါ်က စားဖိုမှူးလေး (1-200)Where stories live. Discover now