8

600 75 1
                                    

အပိုင်း-၈ (မာလာကျောက်ပုဇွန်ချက်)

(ဒါက အမျိုးသားဇာတ်လိုက်ကြီး ပဲ! ငါသာ ဒီအခွင့်အရေးကို ကောင်းကောင်းအသုံးချနိုင်ရင် နောက်ဆို သူ့ပေါင်ကြီးကို ဖက်ထားလို့ရမှာပဲ!)

ရှီယု ချက်ချင်းဘဲ အိမ်ထဲ ပြန်ပြေး သွားကာ ကြက်သားတစ်တုံး ယူလိုက်ပြီးမှ စိတ်ပြောင်းသွားကာ ကြက်ပေါင် တစ်ချောင်းလုံးကို ယူပြီး ရှောင်ချီကို သွားပေးခိုင်း
လိုက်တယ်။

(ရှောင်ချီက ငယ်သေးတဲ့အပြင် မကြာခင်မှာ အန္တာရယ်နဲ့ ကြုံရအုံးမှာဆိုတော့ အခုချိန်မှာ ဇာတ်လိုက်နဲ့ နည်းနည်းပါးပါး ရင်းနှီးသွားရင် နောက်ဆို သူ့ဆီက နေ အကူအညီ ရနိုင်လောက်
တယ်။)

ရှောင်ချီ သူမရဲ့လက်ထဲက ရွှေဝါ ရောင် ကြက်ပေါင်ကြီးကို ကြည့်လိုက်ကာ တံထွေးတစ်လုတ် မျိုချမိတယ်။မမက ဘာလို့များ သူစိမ်းတစ်ယောက်ကို ကြက်ပေါင်
သွားပေးခိုင်းနေမှန်း သေချာမသိ ပေမဲ့ ခိုင်းတဲ့အတိုင်းသာ လုပ်
လိုက်တယ်။

သူမ တံခါးကို တွန်းဖွင်လိုက်တော့ နာကျင်မှုကြောင့် ရင်ဘက်ကို လက်နဲ့ဖိထားကာ ယိုင်တိုင်တိုင် ဖြစ်နေတဲ့ လူတစ်ယောက်ကို တွေ့လိုက်ရတယ်။ သူမ ထိုလူကို သနားသွားကာ သူ့ဆီကို အမြန် သွားလိုက်တယ် "အစ်ကိုကြီး ရော့... ဒီကြက်ပေါင်ကို စားလိုက် အဲ့လိုဆို နည်းနည်းတော့ သက်သာသွားလိမ့်မယ်"

လင်းဖန် အစက သူ့ရှေ့မှာ ရုတ်တရက် ပေါ်လာတဲ့ ထိုကလေး မလေးကို လျစ်လျူရှုမလို့ စဉ်းစား လိုက်ပြီးမှ သူမရဲ့ တောက်ပ ကြည်လင်နေတဲ့ မျက်လုံးတွေကို မြင်လိုက်ရပြီး စိတ်ပျော့သွားတယ်။

သူ အားတင်းကာ လက်ဆန့်လိုက် ပြီး သူမခေါင်းကို ဖွဖွပုတ်ပေးကာ "ကျေးဇူးပဲနော် ဒါပေမဲ့ မင်းပဲ စားလိုက်ပါတော့"

"ညီမက အိမ်ရောက်မှ စားလို့ ရတယ်။ အိမ်မှာ အများကြီးရှိသေး တယ်" ရှောင်ချီက ခြေဖျားထောက် လိုက်ကာ ကြက်ပေါင်ကို သူ့ ပါးစပ်နားတေ့ပေးလိုက်တယ်။

"မမက ဟင်းချက်တော်တယ် ဒါက အရမ်းအရသာရှိတယ်၊ စားကြည့် လိုက်"

အင်မော်တယ်လမ်းစဥ်ပေါ်က စားဖိုမှူးလေး (1-200)Where stories live. Discover now