42

376 48 0
                                    

အပိုင်း-၄၂ (မှိုအသားလိပ်)

ထိုလူကြီးက သူ့ဖိတ်စာကို တစ် ယောက်မှ မဝယ်ကြလောက်တော့
ဘူးလို့ တွေးကာ စိတ်ဓာတ်ကျ နေမိတယ်။

အဲ့အချိန်မှာဘဲ ဝယ်သူပေါ်လာလို့ မော့ကြည့်လိုက်တော့ ငယ်ရွယ်တဲ့ မိန်းကလေးတစ်ယောက်ကို တွေ့ ပြီး ပိုတောင်မှ စိတ်ဓာတ်ကျသွား မိတယ် "အလဲအလှယ်အနေနဲ့ နှစ်၅၀၀သက်တမ်းရှိတဲ့ ရေခဲလင်ဇီးကို လိုချင်တယ်။ မင်းမှာ ရှိလား?''

"ဒါပေါ့" ရှီယု သူမလက်ထဲက သေတ္တာကို ဖွင့်ပြလိုက်ကာ ဘေးဘက်ဝဲယာကို အလျင်စလို ကြည့်လိုက်ပြီးမှ "မြန်မြန်လဲမယ်! ကျမအဖေသာ တွေ့သွားရင် ကောင်းမှာမဟုတ်တော့ဘူး!"

ထိုလူကြီးက စိတ်လှုပ်ရှားသွား ပေမယ့်လည်း မပေါ်အောင်ထိန်း ချုပ်လိုက်ကာ "ခဏစောင့်ပါအုံး! ငါ အရင် စစ်ကြည့်လိုက်အုံးမယ်"

"ဒါဆိုလဲ မြန်မြန်စစ်လေ" ရှီယု လက်ရမ်းပြလိုက်ကာ ချမ်းသာတဲ့ အိမ်က သခင်မလေးက ရေခဲလင်ဇီးကို ဖိတ်စာအတွက်နဲ့ အဖေမသိအောင် ခိုးထုတ်လာတဲ့ ပုံစံမျိုး ဟန်ဆောင်လိုက်တယ်။

ထိုလူကြီးက ဖိတ်စာကို ကမ်းပေး လိုက်ပြီးမှ ဘာစိတ်ကူးပေါက်သွား လဲ မသိဘူး တခြား ထူးထူးဆန်း ဆန်းပစ္စည်းတွေကိုပါ သူမလက်ထဲ ထည့်ပေးလိုက်တယ်။

ရှီယုလဲ အဲ့တာတွေက ဘာပစ္စည်း တွေမှန်းမသိပေမယ့် လက်ခံလိုက် ကာ ဒီနေရာကနေ အမြန်ထွက်
လာလိုက်တယ်။
လူအများစုကတော့ အလိုလိုက်ခံရတဲ့ သခင်မလေး
တစ်ယောက် ဒီကိုလာပြီး လင်ဇီးနဲ့ ဖိတ်စာလဲသွားတဲ့ အကြောင်းကို ဆွေးနွေးနေကြတော့တယ်။

လမ်းကြားလေးထဲ ရောက်တာနဲ့ နောက်က လိုက်လာတဲ့သူရှိမရှိ သေချာအောင် စစ်ဆေးပြီးမှ သူမရဲ့လေဟာနယ်ထဲ ဝင်လိုက်
ကာ အဝတ်အစားလဲ မျက်နှာဖုံး ချွတ်ချပြီးနောက် သာမန်
မိန်းကလေးတစ်ယောက်လို ဝတ်ဆင်လိုက်ပြီး လမ်းကြားလေး ထဲကနေ ပြန်ထွက်လာလိုက်
တယ်။

(ဖိတ်စာရပြီဆိုတော့ နန်းတော်ထဲ ဝင်ပြီး ဒီကမ္ဘာက အစား
အသောက်တွေကို မြည်းစမ်းကြည့် ရမယ်)

အရင်ကဆို သူမရဲ့
အချက်အပြုတ်စွမ်းရည်မှာ ယုံကြည်ချက်အပြည့်ရှိခဲ့ပေမယ့် လဲ လင်းဖန်ရဲ့ အဖေနဲ့တွေ့ပြီးက တည်းက သူမကိုယ်ကိုယုံကြည်မှု သိပ်မရှိတော့ဘူး။

အင်မော်တယ်လမ်းစဥ်ပေါ်က စားဖိုမှူးလေး (1-200)Where stories live. Discover now