5

618 91 0
                                    

အပိုင်း-၅ (ဝက်သားပေါက်စီ)

ကလေး၄ယောက် လက်၈ဖက် အဝတ်အစားတွေက ပေနေပေမဲ့ လည်း လက်တွေကတော့ သန့်ရှင်း နေသေးတယ်။

ဒီအိမ်မှာ ရှီယုအပါအဝင်ဆို ကလေး၅ယောက်ရှိတယ်။အရင်က ၇ယောက်ရှိခဲ့ပေမဲ့ ၂ယောက်က နေမကောင်းဖြစ်ပြီး ဆုံးပါးသွားခဲ့ တာ။

ဒီရက်တွေမှာ ကောင်းကောင်းစားရ လို့ထင်တယ် ကလေးတွေက အရင်လို အရိုးပေါ်အရေတင်လေး တွေမဟုတ်ကြတော့ဘူး။
သူတို့ရဲ့ ပါးတွေတောင်မှ အရောင် လေးတွေသန်းလာပြီ။

(သူတို့လေးတွေအတွက် အင်္ကျီကောင်းတာလေးတွေ ဝယ်ပေးမှ ဖြစ်မယ်)

ဒီမှာ အကြီးဆုံးဖြစ်တဲ့ ရှီယုက ၁၅ နှစ်ဖြစ်ပြီး အငယ်ဆုံးလေး ရှောင်ချီက ၁၀နှစ်ဖြစ်တယ်။

(သူတို့ တွေ အစားကောင်းကောင်း စားနေ ရသရွေ့မြန်မြန် ဖွံ့ဖြိုးလာမှာသေ ချာတယ်။သူတို့ ဒီလို စုတ်ပြတ်နေ တဲ့ အဝတ်ဟောင်းတွေ မဝတ် သင့်တော့ဘူး။)

ရှီယု စဉ်းစားခန်းဝင်နေစဉ်မှာဘဲ ရေနွေးက ဆူလာခဲ့တယ်။

အဘိုးက ဂျုံနယ်ဖို့ ကူညီပေးပြီး ကျန်တဲ့ကလေးတွေက ဟင်းရွက်တွေကို ဆေးကူကြ တယ်။ ရှီယုကတော့ ဝက်သား တွေကို ခုတ်ထစ်နေတယ်။

ဒီကမ္ဘာကလည်း သူမ အရင်နေခဲ့ တဲ့ ကမ္ဘာလိုပဲ လူတွေက ဝက်သား ရဲ့ အဆီများတဲ့ အပိုင်းတွေကို စားရတာကြိုက်ကြတယ်။ အသားနည်းတဲ့ အပိုင်းတွေက တော့ ဈေးအရမ်းချိုတယ်။ ရှီယုက အဆီနည်းနည်းနဲ့ အသား နည်းနည်းပဲပါတာတွေကို အများ ကြီး ဝယ်လာခဲ့တယ်။

သူမ ဝက်သားတွေကို နုတ်နုတ် စင်းပြီးချိန်မှာ ဆားနဲ့ ကြက်သွန်နီ ထည့်ကာ ရောလိုက်တယ်။
အဲ့နောက်တော့ မှိုနဲ့ တခြား ဟင်းသီးဟင်းရွက်တွေကို ရောကာ နုတ်နုတ်စင်းလိုက်ပြီး သပ်သပ် ပနိးကန်တစ်ချပ်ထဲ ထည့်လိုက် တယ်။

ပါဝင်ပစ္စည်းတွေ ပြင်ဆင်ပြီးသွား သလိုပဲ ဂျုံနယ်တာလည်း ပြီးသွားပြီဖြစ်တယ်။ ဂျုံရွက်ထဲ အသားထည့်တဲ့ အပိုင်းက လွယ်ပါ တယ်။ အဆိုးဆုံးမှ ပုံမလှတာ လောက်ပဲရှိတာ။

ရှီယုကတော့ လုပ်နေကြဖြစ်ပြီး အဘိုးလုပ်ထားတာတွေကလည်း သိပ်မဆိုးပေမဲ့ ကျန်တဲ့ကလေး တွေ လုပ်ထားတဲ့ ပေါက်စီပုံလေး တွေကတော့ တော်တော်လေး ကြည့်ရဆိုးလွန်းတယ်။

အင်မော်တယ်လမ်းစဥ်ပေါ်က စားဖိုမှူးလေး (1-200)Where stories live. Discover now