10

678 82 1
                                    

အပိုင်း-၁၀ (မာလာကျောက်ပုဇွန်ချက်)

ကျောက်ပုဇွန်ကို မချက်ခင် တခြား ပါဝင်ပစ္စည်းတွေကို အရင်ဆုံး ပြင်ဆင်လိုက်တယ်။ ပါဝင်ပစ္စည်း အများစုက တောင်ပေါ်ကနေ သူတို့ရဲ့ ဥယျာဉ်ထဲကို ပြောင်းစိုက် ထားတဲ့ ဟင်းသီးဟင်းရွက်အများ စုပဲ ဖြစ်တယ်။

ပုရန်က ရှီယု ဟင်းရွက်တွေနဲ့ သစ်သီးခြောက်တွေကို လှီးဖြတ်ပြီး ဆီပူလာအောင်စောင့်နေတာကို ဘေးကနေ ကြည့်နေလိုက်တယ်။
ဆီပူလာတော့ လှီးဖြတ်ထားတဲ့ ကြက်သွန်နီ၊ ဂျင်း၊ ကြက်သွန်ဖြူနဲ့ ငရုတ်သီးတွေကို ထည့်လိုက်ကာ သမသွားအောင်မွှေးလိုက်တာကို
တွေ့လိုက်ရတယ်။

(အဲ့တော့ ဒီဟာတွေကို အခုလို ရောမွှေလို့လည်း ရတာလား?)

ပုရန် ကြောင်အ,သွားတယ်။

အဲ့အချိန်မှာဘဲ ရှီယုက လှီးဖြတ် ထားတဲ့ အရွက်တွေနဲ့ အသီးခြောက်တွေကို အိုးထဲ ထည့်ကာမွှေနေတာကို တွေ့လိုက်
ရတယ်။

ခဏအကြာမှာဘဲ တစ်အိမ်လုံးကို သွားရည်ယိုစရာ အနံ့သင်းသင်း
လေးတစ်ခု ဖုံးအုပ်သွားသလို ငရုတ်သီးနံ့ကြောင့်လဲ မွှန်ထူ သွားကြကာ လူတိုင်း ချောင်း တဟွတ်ဟွတ်ဆိုးကုန်ကြတယ်။

အကြောင့်တချို့ကြောင့် ပုရန် စိတ်တွေ လှုပ်ရှားလာတော့တယ်။

ထိုအချိန်မှာဘဲ လောင်အာက သန့်စင်ပြီးသား ကျောက်ပုဇွန်တွေ ကို သယ်လာခဲ့တယ်။ ရှီယု ထိုကျောက်ပုဇွန်တွေကို ဒယ်အိုးထဲ ထည့်လိုက်ပြီး ကျောက်ပုဇွန်တွေ အနီရောင်ပြောင်းလာချိန်မှာတော့ ဝိုင်နဲ့သကြားတွေကို ထည့်ကာ ရောမွှေလိုက်တယ်။ အနှစ်တွေ ပြစ်လာချိန်မှာတော့ ရေကို ခွက်တစ်ဝက်စာ လောင်းထည့်ကာ အဖုံးအုပ်လိုက်ပြီး ခဏအကြာမှာ တော့ အိုးချကာ မီးငြိမ်းလိုက်
တယ်။

"အားလုံးပဲ.. စားလို့ရပြီ! လာခဲ့ကြတော့!"
ရှီယုက လှမ်းအော်လိုက်သည်။

မာလာကျောက်ပုဇွန်ရဲ့အနံ့ကို ရကြတာနဲ့ လူတိုင်းက ဆာလောင် လာကြသည်။အိမ်က ကလေးတွေ က ငယ်သေးတာကြောင့် အရက် သောက်လို့ မဖြစ်တဲ့အတွက် ဟင်းရည်ချက်ဖို့အတွက်
ရှောင်ဝူနဲ့ ရှောင်လျူကို ဇီးပန်းသီး ခြောက်တွေကို သွားကောက်ခိုင်း ခဲ့တာဖြစ်တယ်။
(ဇီးပန်းသီးခြောက်ဟင်းရည်နဲ့ မာလာကျောက်ပုဇွန်ချက်ကို စားကြတာပေါ့!)

အင်မော်တယ်လမ်းစဥ်ပေါ်က စားဖိုမှူးလေး (1-200)Where stories live. Discover now