33

420 51 0
                                    

အပိုင်း-၃၃ (မှိုကင်)

ရှီယု မျက်နှာက မည်းမှောင်လာ
ကာ "နင် ငါ့ကို သူဖုန်းစားလို့
ပြောချင်နေတာလား?''

မို့ယင်က ပုခုံးတွန့်ပြလိုက်ကာ လှောင်ရယ်သလိုကြည့်ကာ "ငါ အဲ့လိုလဲ မပြောမိပါလား?''

ရှီယု သူမလက်ထဲ လက်ဖက်ရည် တွေကို မို့ယင်မျက်နှာပေါ်ကို လှမ်းပတ်လိုက်ကာ "နင့် ပါးစပ်
တွေက ညစ်ပတ်နေလို့ ရေနဲ့ ဆေး ပေးလိုက်တာ''

ဘယ်သူမှ ရှီယု အဲ့လိုလုပ်လိုက်
မယ် မထင်ထားတာကြောင့် ကျန်တဲ့သူတွေအားလုံး ကြောင်အ,
သွားကြတယ်။

"အား!'' မို့ယင် သတိပြန်ဝင်
လာကာ မျက်နှာပေါ်က ရေတွေကို သုတ်လိုက်ပြီး ဘေးနားကဓားကို ဆွဲယူလိုက်ကာ "နင်! အောက်တန်းစားမ! ငါ နင့်ကို သတ်မယ်!''

မို့ယင်က အဆင့်၈မှာ ရှိနေတာ ကြောင့် တိုက်ခိုက်ကြမယ်ဆို ရှီယုပဲ ရှုံးမှာ။လူတိုင်းက လင်းဖန်လို အဆင့်တွေ အမြန်
တက်ပြီး ကိုယ့်ထက် သန်မာတဲ့သူ တွေကို တိုက်နိုင်ကြတာမှ မဟုတ် တာ။

ရှီယု ပြတင်းပေါက်နားကို တဖြည်းဖြည်း ကပ်သွားလိုက်
တယ်။
( ဆိုးဆိုးရွားရွားတွေသာ ဖြစ်လာ ရင် တိမ်သားရဲစီးပြီး ထွက်ပြေးရ
မယ်! သူတို့မှာ လေထဲ ပျံနိုင်တဲ့ အစွမ်းသာမရှိရင် ငါ့ကို လိုက်နိုင်မှာ မဟုတ်ဘူး! ငါ တကယ်ထွက်ပြေးမယ်ဆိုရင် ဒီလူ တွေ တားလို့ရမှာမဟုတ်ဘူး!)

"တော်လိုက်တော့!'' ဖုန်းလျိုက မို့ယင်လက်ထဲက ဓားကို ပုတ်ချ လိုက်ကာ "မင်း တော်တော် တရားလွန်းနေပြီ!''

"ငါက လွန်တယ်?'' မို့ယင် အသံ ကျယ်လိုက်ကာ "သူ ငါ့ကို လက်ဖက်ရည်နဲ့ ပက်လိုက်တာ နင် မမြင်ဘူးလား? သူစိမ်း တစ်ယောက်အတွက်နဲ့များ နင်က ငါ့ကို လာငေါက်နေတယ်ပေါ့! ဖုန်းလျို, နင် အဲ့ကောင်မနဲ့ ဖောက် ပြန်နေတာလား?''

ဖုန်းလျို မျက်နှာက မည်းမှောင်
လာကာ "မို့ယင်, နင် ဒီလိုတွေ စွပ်စွဲနေအုံးမယ်ဆိုရင် မိန်းကလေးဆိုပြီး ညှာမယ် မထင်နဲ့!''

ဖုန်းလျို စိတ်ဆိုးသွားပြီမှန်း သိနေတာကြောင့် မို့ယင် ကြောက်ရွံ့သွားကာ ဘာမှ ဆက်မပြောရဲတော့ဘူး။

အင်မော်တယ်လမ်းစဥ်ပေါ်က စားဖိုမှူးလေး (1-200)Where stories live. Discover now