26

479 56 0
                                    

အပိုင်း-၂၆ (ကြက်တောင်ပံ အစပ်ကင်)

တိမ်ဖြူမြို့တော်ဆိုတာက စိတ်ဝိညာဉ်သားရဲတောင်ရဲ့ တောင်ခြေမှာ ရှိနေတဲ့ မြို့လေးတစ်မြို့ ဖြစ်တယ်။အစကတော့ ဒီနေရာက ရွာငယ်လေးတစ်ရွာပါပဲ ဒါပေမဲ့ တောင်ပေါ်မှာ ဝိညာဉ်သားရဲတွေ တိုးလာတော့ အမဲလိုက်တဲ့သူတွေ
လဲ ပိုများလာတယ်။ သူတို့တွေက တောင်ခြေမှာဘဲ အနားယူကြ
ရင်းနဲ့ နောက်ပိုင်း အဲ့မှာဘဲ နေဖြစ်သွားကြတယ်။ အဲ့လိုမျိုး လူတွေအနေများလာတော့ ဆိုင်တွေ စဖွင့်လာကြတယ်။ အဲ့လိုနဲ့ပဲ ဒီနေရာက တဖြည်းဖြည်း စည်ကားလာပြီး မြို့လေးဖြစ်လာ ခဲ့တယ်။

စွန့်စားချင်တဲ့ လူအများစုကလဲ ဒီကို ရောက်လာကြကာ တောင်လာတက်လေ့ရှိကြတယ်။

ဒီစိတ်ဝိညာဉ်သားရဲတောင်ကြီးက အခွင့်အရေး တစ်ရပ်လဲ ဖြစ်နိုင် သလို အခက်အခဲတစ်ရပ်လဲ ဖြစ် နိုင်တယ်။ဒီတောင်ပေါ်မှာ သားရဲ တွေ ပေါလွန်းတော့ အဆင့်မြင့် လွန်းတဲ့ စိတ်ဝိညာဉ်သားရဲတွေနဲ့ သာ သွားတွေ့ရင် အသက်ပါ ဆုံး သွားနိုင်တယ်။ဒါပေမယ့် ဝိညာဉ်သားရဲတွေ အများကြီးဖမ်း မိခဲ့ရင် ဒါမှမဟုတ် အဲ့သားရဲ တွေရဲ့ ဝိညာဉ်ကျောက်တုံးလေး ၁တုံးကို ရခဲ့ရင်တော့ ကံကောင်းနေပြီလို့ ပြောလို့ရ
တယ်။

ဒီလို ရတနာတွေရဲ့ ဆွဲဆောင်မှု ကြောင့် သေနိုင်ခြေများတာ
တောင်မှဘဲ လာတဲ့သူတွေ
ရှိနေကြသေးတယ်။ပုံမှန်ဆိုရင် အုပ်စုတစ်စု တောင်ပေါ်ကို တက်ပြီးရင် ပြန်ဆင်းလာတာနဲ့ လူနည်းနည်းပဲ ကျန်တော့တယ်။ တကယ်လို့ လူ တစ်ယောက်မှ မလျော့ဘဲ ပြန်လာ ဖြစ်ရင်တော့ အဲ့လူတွေအားလုံးရဲ့ ကျင့်ကြံ မှုအဆင့်တွေက အရမ်းမြင့်နေလို့
ပဲ။

ယောင်းမင်ကတော့ ဒီအုပ်စုရဲ့ ခေါင်းဆောင်ဖြစ်ပြီး သူတို့ အဖွဲ့ထဲမှာ အဖွဲ့ဝင်၈ယောက်ပါ လာတယ်။မိန်းကလေး၂ယောက်၊  ယောက်ျားလေး၆ယောက်ပဲ ဖြစ် တယ်။သူတို့ထဲက လူအများစုက အခြေခံအဆင့်၄မှာ ရှိနေကြတယ်။
အဲ့တာကြောင့်လဲ သူတို့တွေ အခု လို တောင်ပေါ်ကို အမဲလိုက်ဖို့ ရောက်လာခဲ့ကြတာဖြစ်တယ်။

သူတို့တွေ တောင်ပေါ်ကို တက် လာကြတော့ မလှမ်းမကမ်းမှာ ရှိနေတဲ့ မိန်းမငယ်လေး တစ်ယောက်ကို တွေ့လိုက်ကြ တယ်။အဲ့တစ်ယောက်က သူတို့နဲ့ မနီးမဝေးမှာဘဲ အမြဲနေနေပြီး သူတို့သွားတဲ့နောက်ကိုပဲ အမြဲ လိုက်နေတယ်။အဲ့တာက တော် တော် ထူးဆန်းလွန်းတယ်။

အင်မော်တယ်လမ်းစဥ်ပေါ်က စားဖိုမှူးလေး (1-200)Where stories live. Discover now