15

546 60 0
                                    

အပိုင်း-၁၅ (အနံ့သင်းတဲ့ စိတ်ဝိညာဉ်သားရဲကင်)

စိတ်ဝိညာဉ်သားရဲရဲ့ အသားက အရည်အသွေး မြင့်လွန်းတာ ကြောင့် အရမ်းအရသာရှိလွန်းပြီး ဆလပ်ရွက်နဲ့လဲ လိုက်ဖက်လှ တယ်။

ရှီယု အသားကို မြည်းစမ်း ကြည့်လိုက်တော့ အသားထဲမှာပါ
တဲ့ များပြားလွန်းတဲ့ စွမ်းအင်တွေ
ကြောင့် လန့်သွာကာ လင်းဖန်နဲ့
လုယန်ကို ကြည့်လိုက်မိတော့ သူတို့တွေလဲ တအံ့တဩဖြစ်နေ
ကြတာကို တွေ့လိုက်ရတယ်။

လင်းမျိုးနွယ်စုရဲ့ ခန်းမကြီးထဲမှာ တော့ မျိုးနွယ်စုခေါင်းဆောင် လင်းကျန်းနဲ့ တခြားအကြီးအကဲ တွေဟာ ကိစ္စတစ်ခုကို ဆွေးနွေးနေကြစဉ်မှာဘဲ ရလိုက် ကြတဲ့ အနံ့တစ်ခုကြောင့် အာရုံ လွင့်သွားကြကာ ဘယ်သူမှ အစည်းအဝေးကို အာရုံမစိုက်နိုင် ဘဲ ဖြစ်သွားကြတယ်။

"ဒီအနံ့က...." လင်းကျန်း တစ်ယောက် လေထဲမှာ နှာခေါင်း
တရှုံ့ရှုံ့လုပ်နေရင်းနဲ့ ဘေးက အကြီးအကဲကို ပြောလိုက်တယ် "ရင်းနှီးနေတယ်လို့ မထင်မိ ဘူးလား?''

ထိုအကြီးအကဲမှာ လင်းကျန်းရဲ့ တရင်းတနှီး အပြောကြောင့် အံ့ဩသွားတယ်။ သူတို့တွေ နှစ်တွေအကြာကြီး မျိုးနွယ်စုနဲ့ ပတ်သတ်တဲ့ ကိစ္စတွေကို ဆွေးနွေးလာခဲ့ကြပေမဲ့ သဘောထား မတိုက်ဆိုင် တာတွေများတာကြောင့် အမြဲ အလုအငြင်းတွေ ဖြစ်ခဲ့ကြတာလေ
အခုလိုမျိုးကြီး ရုတ်တရက် တရင်းတနှီး လာပြောလိမ့်မယ်လို့ ထင်တောင် ထင်မထားဘူး။

သူ အနေခက်သွားကာ စိတ်ပျံံ့ လွင့်သွားတယ်။

လင်းကျန်းက ထရပ်ကာ ထိုအကြီး
အကဲဘက်ကို လှည့်ပြီး လှမ်းပြော
လိုက်တယ် "မင်း ငါ့ကို နန်းတွင်း
စာမေးပွဲ ဖြေဖို့ ခေါ်သွားခဲ့ဖူးတယ်
လေ။ အဲ့တုန်းက အရမ်း အရသာရှိတဲ့ အသားကင်ဆိုင် တစ်ဆိုင်ကိုတောင် လိုက်ပို့ပေးခဲ့
သေးတယ်လေ။ အဲ့အသားကင်
က ငါ့ဘဝမှာ စားဖူးသမျှတွေထဲ
မှာတော့ အရသာ အရှိဆုံးပဲ။ အချိန်တွေ ကုန်သွားတာလည်း မြန်လိုက်တာ...."

ထိုအကြီးအကဲက တွေဝေသွား တယ်။
(လင်းဖန်ကိုကာကွယ်ပေးစေ ချင်လို့များ ဒီလိုတွေ ပြောနေတာ
လား?)

အင်မော်တယ်လမ်းစဥ်ပေါ်က စားဖိုမှူးလေး (1-200)Where stories live. Discover now