14

522 75 1
                                    


အပိုင်း-၁၄ (အနံ့သင်းတဲ့ စိတ်ဝိညာဉ်သားရဲကင်)

ဝတ္ထုထဲကအတိုင်းဆို လင်း မျိုးနွယ်စုမှာ တခြားမျိုးနွယ်တွေ ပါရှိနေကြပေမဲ့လည်း သူတို့တွေရဲ့ ဆက်ဆံရေးတွေက ထင်
သလောက်လည်း သိပ်မရှုပ်ထွေး
ဘူး။ လင်းဖန်က အမှိုက်ကောင်
ဖြစ်နေရဲ့သားနဲ့ လင်းမျိုးနွယ်ရဲ့ နာမည်ကိုသုံးပြီး ကျင့်ကြံသူတွေ
ထဲမှာနေနေတုန်းက အများစုက မကျေနပ်ကြပေမဲ့လည်း သူ
စွမ်းအားကြီးလာချိန်မှာတော့ အဲ့လူတွေရဲ့ ပါးစပ်ပေါက်တွေ
အားလုံး ပိတ်ကုန်ကြတယ်။

ဒါက ကျင့်ကြံသူတွေရဲ့ ဘဝပဲ။ ဒီ ဆန်းကြယ်လှတဲ့ ကမ္ဘာကြီးမှာ ကျင့်ကြံသူတွေကို အရမ်းအလေး ပေးဆက်ဆံကြတယ်။ သူတို့ရဲ့ ကျင့်ကြံခြင်းအဆင့်တွေ တိုးတက် လာဖို့ မျိုးနွယ်က အထောက်အပံ့ တွေ ယူသုံးကြတယ်ဆိုတာ မပြော လည်း အချင်းချင်း နားလည်
ကြပြီးသားပဲ။ ဒီအထောက်အပံ့ အရင်းအမြစ်တွေအတွက် ယှဉ်ပြိုင်မှုတွေကလည်း ကြမ်းတမ်းတယ်ဆိုပေမယ့် အပယ်ခံတွေကလွဲရင် အများစုကို မျိုးနွယ်စုတွေကပဲ ထောက်ပံ့
ပေးကြတယ်။

အနည်းဆုံးတော့ သူတို့အားလုံးဆီ မှာ ကိုယ်ပိုင်ရည်မှန်းချက်ပန်းတိုင် တွေရှိနေကြပြီး အဲ့ပန်းတိုင်ကို ရောက်ဖို့ကြိုးစားနေကြတဲ့ သူတွေ ချည်းပဲ။

"ရှောင်ချီ, ဒီနေရာက နောက်ကျရင် ညီမလေး နေရ တော့မယ့် နေရာပဲ!'' ရှီယု ရှောင်ချီရဲ့ ပိုးသားလို နူးညံ့ပျော့ ပြောင်းနေတဲ့ ဆံနွယ်တွေကို ပွတ်သပ်ပေးကာ ပြောလိုက်တယ်။

ရှောင်ချီက သူမကို မော့ကြည့် လိုက်ကာ"ဒါဆို ညီမလေးက အစ်ကိုလင်းဖန်နဲ့ အတူတူနေရ တော့မှာပေါ့!"

ရှီယု-"....."
(အခုချိန် ငါ ရှောင်ချီကို ခေါ်ပြီး ထွက်ပြေးမယ်ဆိုရင်ရော မှီ​သေး
လား?)

(ဒါပေမဲ့လဲ ရှောင်ချီရဲ့ ကျေးဇူး ကြောင့် အခုဆို တခြားကလေး
တွေမှာလဲ နောက်ခံ
ကောင်းကောင်းကြီး ရသွားပြီပဲ!
အခုလောလောဆယ် သူတို့ရဲ့ လုံခြုံရေးကိုပဲ စဉ်းစားရအောင်! ကျန်တာတွေကို နောက်မှဘဲ စဉ်းစားတော့မယ်)

"မင်းတို့တွေရော အနာဂတ်မှာ လုပ်ချင်တာမျိုးတွေ ရှိကြလား?'' ရှီယု ကျန်တဲ့ကလေးတွေဘက်ကို လှည့်ကာ မေးလိုက်တယ်။

အင်မော်တယ်လမ်းစဥ်ပေါ်က စားဖိုမှူးလေး (1-200)Where stories live. Discover now