18

504 65 0
                                    

အပိုင်း-၁၈ (တို့ဟူးပုတ်)

ဆိုင်စဖွင့်တဲ့နေ့ရောက်တော့ ရှောင်ချီနဲ့ လောင်အာတို့က လင်းအိမ်တော်ကနေ ထွက်လာကြ ကာ လာကူ​ပေးကြတယ်။သူတို့တွေ လင်းအိမ်တော် ရောက်သွားတာ ရက်ပိုင်းလေးပဲ ရှိသေးပေမယ့် တော်တော်လေး ပြောင်းလဲသွားကြတယ်။ ရှောင်ချီက ပိုပြီး တက်ကြွ
လာချိန်မှာတော့ လောင်အာက ပင်းပန်းနွမ်းနယ်နေတယ်။

လင်းအိမ်တော်က လေ့ကျင့်ရေးက အရမ်းတင်းကြပ်လွန်းတော့ အသက် ၁၂, ၁၃အရွယ် လောင်အာအတွက် အတော်လေး ဆိုးရွားလွန်းတယ်။ လောင်အာလို သူအတွက်တော့ ဒါက နှိပ်စက် ညှင်းပန်းခံနေရသလိုပဲ။

အဆိုးရွားဆုံးက ပါရမီမပါတဲ့ သူတစ်ယောက်အတွက် ဘယ်လောက်ပဲ ကြိုးစားနေပါစေ ကျင့်ကြံခြင်းမှာ နည်းနည်းလေး တောင် တိုးတက်မလာတာပဲ။

ဒါပေမဲ့ လောင်အာက တစ်ခွန်းမှ မငြီးတာကြောင့် ရှီယုလဲ ဘာမှ ဝင်မပြောတော့ဘူး။သူမ လောင်အာရဲ့ ဆုံးဖြတ်ချက်ကနေ ဘာတွေ ဆက်ဖြစ်လာအုံးမလဲလို့ စောင့်ကြည့်နေလိုက်တယ်။တကယ်လို့ ဘာမှ မတိုးတက်လာသေးရင်လဲ သူ့ အတွက်ပါ မီးမျိုးစေ့၁ခုလောက် ရှာပေးဖို့ တွေးလိုက်တယ်။

အဲ့လို ဆုံးဖြတ်ပြီးတာနဲ့ ရှီယု ဆိုင်ကိစ္စကို ပြန်စဉ်းစားလိုက် တယ်။ ဆိုင်စ,ဖွင့်တိုင်း မီနူးအသစ် တစ်ခုခု ဖန်တီးနိုင်မှဖြစ်မယ်။ (လူတွေရဲ့ အာရုံကို စွဲဆောင်နိုင် အောင် ဘယ်လို ဟင်းပွဲအသစ်မျိုး ချက်သင့်လဲ?)

(ဝိုင်ကောင်းကောင်းရဲ့ အနံ့က လမ်းကြိုလမ်းကြားတွေထဲတောင် ရောက်နိုင်တယ်။ အဲ့လိုဆိုရင် တောင်မှပဲ တစ်မြို့လုံးကို ဖုံးလွှမ်းနိုင်တဲ့ အနံ့အပြင်းဆုံးဝိုင်ကို ချက်ဖို့ ပြင်ဆင်ရအုံးမှာ။ အကောင်းဆုံး ဟင်းပွဲတစ်ပွဲဆိုလဲ အတူတူပဲ...)

ရှီယု ထူးခြားတဲ့ အနံ့ရှိတဲ့ ဟင်းပွဲ တော်တော်များများကို အချိန်အ တော်ကြာ စဉ်းစားလိုက်ပြီးတဲ့
နောက်မှာတော့ မွှေးတဲ့အနံ့မျိုးက ရိုးလွန်းနေပြီမလို့ ပုတ်သိုးသိုး အနံ့မျိုးကို ချက်ဖို့ ရွေးချယ်
လိုက်တယ်။

အနံ့ဆိုးနဲ့ ပတ်သတ်တဲ့ ဟင်းပွဲ တော်တော်များများ ရှိပေမဲ့လည်း နာမည်အကြီးဆုံးကတော့ တို့ဟူး ပုတ်ပဲဖြစ်တယ်။ အရေးကြီးဆုံးက ကုန်ကျစရိတ် သက်သာတာပဲ။ ဒီလို ဆိုင်အသစ်ဖွင့်ဖို့အတွက်လဲ အသင့်တော်ဆုံးပဲ။

အင်မော်တယ်လမ်းစဥ်ပေါ်က စားဖိုမှူးလေး (1-200)Where stories live. Discover now