အပိုင်း-၄၅ (မဟော်ဂနီအသားဟင်း)
အသားက လှီးဖြတ်ပြီးသားဖြစ်လို့ ရှီယု ချက်ချင်း တူနဲ့ညှပ်ယူကာ စားလိုက်တယ်။ ဒီအသားက အရင်က ဟင်းပွဲတွေထက်
အများကြီး ပိုကောင်းနေတယ်။ရှီယု စိတ်ကျေနပ်သွားကာ တူကို ချထားပြီး ပြောလိုက်တယ် "ဒီလို ဟင်းပွဲမျိူးကိုမှ အဓိကဟင်းပွဲလို့ ခေါ်လို့ရတာ။အရသာရော အရောင်အဆင်းရော ပြည့်စုံတယ်။ ကျမ ဒီကို ၄ကြိမ်မြောက် လာခဲ့ပေမယ့် လာရတာ တန်သွားပြီ။ဒါပေမယ့် ဒါလေးနဲ့ပဲ ရှင်တို့ရဲ့အပြုအမူ တွေကို ကျေအေးပေးစေချင်နေ တာတော့မဟုတ်ပါဘူးနော်?''
(အခု ဟင်းပွဲကို မြည်းကြည့်ပြီးပြီ ဆိုတော့ စားဖိုမှူးနဲ့တွေ့ဖို့ ညှိနှိုင်းရ မယ့်အလှည့်ပဲ)
ဆရာကြီးဝမ်က တည်တည်ငြိမ်ငြိမ်နဲ့ပဲ ဖုန်းလျိုကို လှမ်းကြည့်လိုက်တယ်။သခင်လေးဖုန် ဘာမှ ဝင်မ ပြောတာက ရှီယုပြောတာကို ထောက်ခံတယ်ဆိုတဲ့ သဘောပဲ။
ဒါကြောင့် ဆရာကြီးဝမ်ရဲ့နောက် မှာရပ်နေတဲ့ သက်လတ်ပိုင်း လူကြီးက မေးလိုက်တယ် "တကယ်လို့ ဒီဆိုင်က ဟင်းပွဲ တိုင်းကို ၁လတိတိအခမဲ့စားခွင့်ရ မယ်ဆိုရင်ရော?''
(ဆိုင်က ဝန်ထမ်းတိုင်း သူ့ကို လေးစားနေကြတာဆိုတော့ ဒီလူ ကြီးက မန်နေဂျာပဲဖြစ်လောက်
တယ်။သူက ဘယ်လို ညှိနှိုင်းရမ လဲဆိုတာ ကောင်းကောင်း သိသားပဲ။ဆိုးတာက....)"ကျမမှာ ပိုက်ဆံမရှားဘူး"
ထိုလူကြီးက နည်းနည်းမှ မျက်နှာ ပျက်ယွင်းမသွားဘဲ ပြုံးလိုက်ကာ "ဒါဆိုရင် ဒီက မိန်းကလေးက ဘာများလိုချင်တာပါလဲ?ကျတော် တတ်နိုင်သရွေ့ ဖြည့်ဆည်းပေးပါ မယ်"
ဒီလို လူမျိုးနဲ့သာ ညှိနှိုင်းရမယ်ဆို ဒေါသမီးဝင်းဝင်းတောက်နေတဲ့ လူတောင်မှ တစ်ဝက်လောက် စိတ်အေးသွားလောက်တယ်...
"ကျမ ဒီဟင်းပွဲကို ဘယ်လိုချက် လဲဆိုတာ ကိုယ်တိုင်ကြည့်ချင် တယ်"
သူမ အဲ့လို တောင်းဆိုလိုက်ပေ
မယ့် သူတို့တွေ ဖြည့်ဆည်းပေး ကြမယ်လိုတော့ ယုံကြည်ချက် သိပ်မရှိဘူး။ဒီဟင်းပွဲက ဆိုင်ရဲ့ အဓိကဟင်းပွဲလေ အခုလို တောင်း ဆိုတာကို ဘယ်လိုလုပ်ကြည်ဖြူ နိုင်ကြမှာလဲ?