12

544 73 0
                                    

အပိုင်း-၁၂ (ခရင်ခ်ကိတ်)

"ဒါက ဘာလဲ?'' လုယန်ရဲ့ အကြည့်တွေက တွန်းလှည်းပေါ် ကနေ မခွာနိုင်ဖြစ်နေကာ ရှီယုကို
လှမ်းမေးလိုက်တယ်။ထိုတွန်းလှည်းပေါ်မှာတော့ ပန်းကန်၅ချပ်ရှိပြီး တစ်ပန်းကန်စီ
မှာ အဖြူရောင်မုန့်လေးတွေ ထည့်
ထားသေးတယ်။ စားပွဲပေါ်ကို ပန်းကန်တွေ ချပေးလိုက်တော့ မုန့်ကနေ ထွက်လာတဲ့ အနံ့သင်းသင်းလေးက ဘေးမှာ
ရှိနေကြတဲ့ လူတွေရဲ့ နှားခေါင်း
ထဲကို တိုးဝင်သွားတယ်။

"ဒါတွေက ရှင်တို့၂ယောက် အတွက် သီးသန့်ပြင်ပေးထားတာ ခရင်မ်ကိတ်လို့ ခေါ်တယ်။ ရှင်တို့ တွေ ကြိုက်ကြလိမ့်မယ်လို့ ထင်ပါ တယ်"

လင်းဖန်က အရင်ဆုံး တစ်ပန်းကန် လှမ်းယူလိုက်တယ်။ ခရမ်တွေနဲ့
အုပ်ကာ အလှဆင်ထားတဲ့ ဒီ ကိတ်မုန့်တွေရဲ့ အချိုအရသာက သူစားဖူးခဲ့တဲ့ သာမန်ကိတ်မုန့်တွေ နဲ့ လုံးဝမတူဘူး။ မိန်းကလေးတွေ သေချာပေါက် ကြိုက်ကြမှာပဲလို့ တွေ့လိုက်မိတယ်။

ထင်ထားသလိုပဲ လုယန်က တစ်ဇွန်းစားလိုက်ရုံနဲ့ အရသာကို စွဲလမ်းသွားတယ်။ ဒီမှာရှိနေတဲ့ ၅ပန်းကန်ထဲက ၃ပန်းကန်က သူမ စားလိုက်လို့ ကုန်သွားတာဖြစ် တယ်။ ကိတ်မုန့်တွေ အားလုံး ကုန်သွားတော့မှ လုယန်လဲ သတိဝင်လာကာ "စိတ်မရှိပါနဲ့ရှင် အရမ်းစားလို့ကောင်းလွန်းတော့ သတိလက်လွတ်ဖြစ်သွားမိတာ"

ရှီယု သူမ ဘေးမှာရပ်နေတဲ့ ရှောင်ချီက ထိုကိတ်မုန့်တွေကို နှမြောတသ ကြည့်နေတာကို သတိထားမိကာ ခေါင်းကို ဖွဖွပုတ်ပေးလိုက်တယ်။သူမအနေ
နဲ့ ပိုလဲမလုပ်ထားမိတော့ "မမက ဧည့်သည်တွေ အတွက်ပဲ ပြင်မိသွားတာ ညီမလေး
စားချင်ရင် နောက်နေ့ကျမှ သပ်သပ်ထပ် လုပ်ပေးမယ်လေ"

"ဟုတ်" ရှောင်ချီက ခေါင်းငြိမ့်ပြ လိုက်ကာ "မမ လုပ်စရာရှိတာ သွားလုပ်လိုက်လေ ညီမလေး အတွက် စိတ်မပူပါနဲ့"

ရှီယုလဲ ​ခေါင်းငြိမ့်ပြလိုက်ကာ မီးဖိုချောင်ထဲ ပြန်ဝင်သွား
တယ်။

လုယန်လည်း ရှက်ရွံသွားကာ သူမရဲ့ ပါးပြင်တွေက ရှက်သွေး ဖြန်းသွားတယ်။သူမ အရင်က ဒီလိုမျိုး ဣန္ဒြေမဲ့လောက်အောင် တစ်ခါမှ မပြုမူခဲ့ဖူးဘူး။ လင်းဖန်
က အနားမှာ အတူရှိနေတော့ သူမလည်း စိတ်လျှော့
လွန်သွားပြီး အခုလို သတိ
လက်လွတ်ဖြစ်သွားရတာပဲ။

အင်မော်တယ်လမ်းစဥ်ပေါ်က စားဖိုမှူးလေး (1-200)Where stories live. Discover now