အပိုင်း-၂၂ (နှင်းယုန်သား)
ဒါပေမဲ့ သူမ ဝေးဝေး မရောက်သေးခင်မှာဘဲ လင်းဖန် က လှမ်းအော်လိုက်တယ် "မင်း လိုက်လို့မဖြစ်ဘူးလေ။ သာမန်လူ သားတစ်ယောက်အနေနဲ့ မင်း သာလိုက်လာရင် သားရဲတွေရဲ့ အစာပဲ ဖြစ်သွားမှာမဟုတ်ဘူး လား?''
"......"
(ဟုတ်သားပဲ! အဲ့တာကို မေ့သွား တယ်)"ဒါပေမဲ့လဲ ရှင် တစ်ယောက်တည်း သွားပြီး ကျမက ထိုင်စောင့်နေ တော့ ဘယ်တရားပါ့မလဲ? ကျမလဲ လိုက်ခဲ့မယ်လေ။ ကျမ ကိုယ့်ကိုယ်ကို ကာကွယ်နိုင်ပါ
သေးတယ်!''(တကယ်လို့ အန္တရာယ်ကြုံလာ
ရင်လဲ ငါ့မှာရှိတဲ့ လေဟာနယ်ထဲ ဝင်ပုန်းလိုက်ရုံပဲလေ...)"ဒါပေမဲ့လည်း အရမ်း အန္တရာယ် များလွန်းတယ်နော်.." လင်းဖန်က ငြင်းလိုက်ပေမယ့်လဲ သူ့လေသံက နည်းနည်း အားလျော့သွားတယ်။
"ရပါတယ်။ ကျမ ရှင့်အတွက် ဝန်ပို တစ်ခုမဖြစ်စေရပါဘူး ကိုယ့်ကိုယ်ကို ကာကွယ်ပါ့မယ်"
အဆုံးမှာတော့ ရှီယုရဲ့ အတင်းအ ကြပ်တိုက်တွန်းပြောဆိုမှုတွေ ကြောင့် လင်းဖန်သဘောတူလိုက် ရတယ်။ သူတို့၂ယောက်လုံး လိုအပ်တာတွေ ထုတ်ပိုးလိုက်ကာ တခြားသူတွေကို နှုတ်ဆက်လိုက် ကြတယ်။
ဒါပေမဲ့ လင်းဖန် ဒီအကြောင်းကို လုယန်ကို ပြောလိုက်တော့ သူမက ချက်ချင်း ကန့်ကွက်လိုက်တယ် "အရမ်းအန္တရာယ်များလွန်းတယ်! ငွေတုံးသိန်းဂဏန်းလောက်လေးပဲ ကို အဲ့တော့....."
လုယန် ပြောလို့မပြီးသေးခင်မှာဘဲ ရှီယုက ဝင်ပြောလိုက်သည် "လုယန် ရှင်ရော ကျမတို့နဲ့ အတူလိုက်ခဲ့ပါလား? အဲ့လိုဆို ကောင်းမှာပဲ။ အစက လင်းဖန်တစ်ယောက်ထဲ ဖြစ်နေတာ အခု ရှင်ပါ ပါလာတော့ ပိုအဆင်ပြေသွားတာပေါ့"
လုယန် တွေဝေသွားပေမယ့်လဲ "ကောင်းပြီလေ ငါလဲ နင်တို့နဲ့ အတူလိုက်ခဲ့မယ်" သူမ ရှီယုကို ကြောက်စရာကောင်းတဲ့ အကြည့် တစ်ချက်နဲ့ ကြည့်ပေးလိုက်
ပြီးနောက် "နင်က ဘာကိစ္စ ငါတို့နဲ့လိုက်ခဲ့မှာလဲ? ငါတို့မှာ အားနည်တဲ့သူလေးတွေ ကို ကူညီဖို့ အချိန်မရှိဘူး""အဲ့တာက ငါ ပိုက်ဆံရှာမလို့
လေ..." ရှီယု တိုးတိုးလေး ပြောလိုက်တယ်။