Episode 1

3.3K 105 2
                                    

Uni

ကျောင်းစစဖွင့်တဲ့ရက်မှာပဲ ကျောင်းမှာသန့်ရှင်းရေး လုပ်ရလို့ ထယ်ယောင်း ညီးညူ နေမိသည်။

" ဟာ ကျောင်းက ဖြင့် မဖွင့်သေးဘူး သန့်ရှင်းရေး က လုပ်နေရပြီ "

" ဟုတ်ပါ့ဟယ် ၊ ငါ့မေမေ ဝယ်ပေးတဲ့ အင်္ကျီ အသစ်လေးတော့ သွားပါပြီဖုန်တွေကြီးပဲ "

ထယ်ယောင်းရဲ့ သူငယ်ချင်းမလေးဖြစ်သူ ဟယ်ဂျီ က ပါ ပြောသည်။

" ကဲကဲ ကျောင်းသားတွေ သန့်ရှင်းရေးလုပ်ပြီးရင် ကိုယ်လက် ဆေးပြီး အခန်းထဲ ဝင်လာခဲ့တော့ "

" ဟုတ် တီချယ်"

အတန်းပိုင် ဆရာမမှ လာပြောသည်မို့လို့ သန့်ရှင်းရေးလုပ်နေတဲ့ ကျောင်းသားတွေလည်း လုပ်လက်စကို အပြီးသတ်ကာ ပြန်လာခဲ့တော့သည်။

အတန်းထဲရောက်တော့ ဆရာမမှ နှုတ်ဆက်သည်။

" ဆရာမက မင်းတို့ရဲ့အတန်းပိုင်ပဲ ၊ မင်းတို့ဟာ အထက်တန်းနောက်ဆုံးနှစ် ဒီကျောင်းရဲ့ အကြီးတွေဖြစ်တာကြောင့် အကြီးပြီပြီ စည်းကမ်းရှိရမယ် ၊ဂျူနီယာတွေ အတုလိုက်ခိုးရအောင်လည်းနေရမယ် ​၊အော် ပြီးတော့ အခုမှ အသစ်ရောက်လာတဲ့ ကျောင်းသား နဲ့လည်း မိတ်ဆက်ပေးရမယ် "

ဆရာမရဲ့စကားသံအဆုံး အတန်းထဲသို့ ခန့်ညားပြီး ချောမောတဲ့ ကောင်လေးတစ်ယောက် ဝင်လာခဲ့သည်။

" hello ကိုရီးယား နာမည်ကတော့ ဂျွန်ဂျောင်ဂုပါ ၊ ငါက အခုမှ ကိုရီးယားကို ပြောင်းလာတာမို့လို့ ကိုရီးယား စကားတော့ သိပ်မပီဘူး ၊ အခုဒီကျောင်းမှာတတ်မှာဆိုတော့ မင်းတို့နဲ့ ရင်းရင်းနှီးနှီး နေသွားပါ့မယ် "

အရှေ့မှာထိုင်နေတဲ့ ကျောင်းသား တွေက လက်ခုတ်များ တီး၍ ကြိုဆိုကြသည်။

ထို့နောက်ဆရာမကို ဘယ်နေရာထိုင်ရမလဲ မေးတော့

" ဟိုမှာ အတန်းခေါင်းဆောင် နား သွားထိုင်လို့ရတယ် "

ထို့နောက် ဂျောင်ဂုလည်း အတန်းခေါင်းဆောင်ရဲ့ ဘေးဘက်နားသို့သွားထိုင်သည်။

" ဟိုင်း ဂျောင်ဂု မတွေ့ရတာတောင်ကြာပြီနော် "
" ဟုတ်ပါ့ ဟယ်ဂျီရယ် ၊ အခုတော့ ငါတို့တွေ အတန်းဖော် ပြန်ဖြစ်သွားပြီပေါ့ "
" အင်း ဟုတ်ပါ့ "

Still with Me (Complete )Where stories live. Discover now