Episode 5

881 55 0
                                    

Uni

ဂျောင်ဂု ကျောင်းပိတ်ရက်မို့လို့ သူ့ရဲ့အခန်းထဲမှာ piano တီးနေသည်။
သူ့ရဲ့ တစ်ခုထဲသော ဝါသနာက အဆိုတော်ဖြစ်ဖို့လေ ။ အဲ့အတွက် သူဟာ အဖေမသိအောင် ကြိတ်ပြီးကြိုးစားနေသည်။

ဒေါက် ဒေါက်

" သားလေးရေ ၊ ထမင်းစားရအောင်လေကွယ်"
" ဟုတ်မေမေ ၊ ဒါနဲ့မေမေ့ကိုပြစရာရှိတယ်"
ဂျောင်ဂုက သူအသံသွင်းထားတဲ့ Harry Styles
Falling ကို သူ့မေမေအားဖွင့်ပြသည်။

" သားလေးရဲ့အသံက ချိုနေတာပဲကွယ် နားထောင်လို့ကောင်းလိုက်တာ "
မေမေက ဂျောင်ဂုရဲ့ကျောလေးကို ပုတ်ပေး​ကာ ချီးကျူးတော့ ဂျောင်ဂုမှာ ဝမ်းသာ သွားရသည်။

" ဒါဘာလုပ်နေတာလဲ ၊ ဒီပစ္စည်းတွေက ဘယ်တုန်းက ဝယ်ပေးထားတာလဲ"
ဂျောင်ဂုရဲ့အဖေက ပွင့်နေတဲ့ ဂျောင်ဂုရဲ့အခန်းဝသို့ရောက်လာပြီး ဂျောင်ဂုအခန်းထဲက piona နဲ့ အခြားသော ဂီတနဲ့ပတ်သတ်တဲ့ ပစ္စည်းတွေကို တွေ့တော့ အလိုမကျဟန်ဖြစ်သွားသည်။

" အဲ့ဒါကျွန်မဝယ်ပေးထားတာပါ ဖေကြီးရယ် ၊ သားလေးက ဒီလောက်ထိ အဆိုတော်ဖြစ်ချင်မှတော့ ကျွန်မတို့လည်း အားပေးရမှာပေါ့ မဟုတ်ဘူးလား"

" အဲ့ဒါတွေအကုန်အခုချက်ချင်းမီးရှို့၊
ဟီးဆူး ၊ ဟျောင်းရှီစ် လာစမ်း"
ဂျောင်ဂု အဖေက အိမ်က အကူမိန်းကလေးနဲ့ ကောင်လေးကိုခေါ်ကာ ဂျောင်ဂုအခန်းထဲက ပစ္စည်းတွေကို စတိုခန်းထံသို့ သယ်ခိုင်းစေသည်။

" ဒယ်ဒီရယ် မလုပ်ပါနဲ့ ၊ သားအမြတ်တနိုးတန်ဖိုးထားရတဲ့ ပစ္စည်းတွေမို့လို့ပါ "
ဂျောင်ဂုက သူ့အဖေရဲ့ လက်ကို ကိုင်ကာ တောင်းတောင်းပန်ပန်ပြောပေမဲ့အချည်းနှီးသာ။

" မင်းကို စီးပွားရေးဘက်ဘဲ အာရုံထားပါလို့ ငါမပြောခဲ့ဘူးလား"

" ပြောခဲ့ပါတယ်ဒယ်ဒီ ၊ အဲ့ဒါကြောင့်လဲ ဒယ်ဒီဖြစ်စေချင်တဲ့ စီးပွားရေးလုပ်ငန်းရှင်လဲလုပ်ပါ့မယ် ၊ သားဖြစ်ချင်တဲ့ အဆိုတော်အလုပ်ကိုလဲ ခွင့်ပြုပေးပါ ကျေးဇူးပြုပြီး"

" ဖေကြီးရယ် ၊ သားလေးဝါသနာပါတာကို ခွင့်ပြုပေးလိုက်ပါ ၊ စိတ်ဒုက္ခမပေးပါနဲ့တော့သားလေးကို "

Still with Me (Complete )Where stories live. Discover now