Episode 11

777 61 2
                                    

Uni

ကျောင်းသားတွေရဲ့ပျော်ပွဲစားထွက်ခြင်းခရီးဟာ ဒီနေ့မှာ နောက်ဆုံးနေ့မို့လို့ အသားကင်ပါတီလုပ်ကာ ဖျော်ဖြေပွဲများလည်းလုပ်ကြသည်။

" ထယ်ယောင်းဟျောင်း အသားကင်များများစားနော်"
ဟျောင်းဂျီက အသားတွေကိုကင်ပြီး ထယ်ယောင်းရဲ့ပန်းကန်ထဲသို့ ထည့်ပေးသည်။
" ဟယ်ဂျီရောပဲများများစား ၊ ဒါနဲ့ခြေထောင့်ကရော သက်သာပြီလား"
" အင်း နည်းနည်းပေါ့ "
ဟျောင်းဂျီက ထယ်ယောင်းနဲ့ ဟယ်ဂျီကိုသာ အဖက်လုပ်စကားပြောပြီး ဂျောင်ဂုကိုတော့ဖယ်ချန်ထားသည်။

" ဂျောင်ဂု ဘာလို့မစားတာလဲ ၊ မကောင်းလို့လားဟင်"
ဂျောင်ဂုက သူ့ပန်းကန်ထဲက အသားတွေကိုမစားလဲ ထယ်ယောင်းရဲ့ပန်းကန်ထဲက ဟျောင်းဂျီထည့်ပေးသည့်အသားကင်တွေကိုသာ ကြည့်နေသည်။
ထို့နောက် ထယ်ယောင်းရဲ့ပန်းကန်ထဲက ဟျောင်းဂျီထည့်ပေးသည့် အသားကင်တွေကို တူဖြင့်ယူကာ စားတော့သည်။
" ဂျောင်ဂု ရားးး ငါ့ပန်းကန်ထဲက အသားတွေကို "
ထယ်ယောင်းက ဂျောင်ဂုရဲ့ ကျောကိုရိုက်ပြီး ပြောပေမဲ့ ဂျောင်ဂုကတော့ ဂရုပင်မစိုက်။

" ထယ်ယောင်း ပန်းကန်ထဲက အသားတွေက ပိုအရသာရှိတယ် ၊ ရော့ကျွန်တော့်ပန်းကန်ထဲက အသားတွေစားလိုက်တော့ ကျွန်တော် ဗိုက်ပြည့်သွားပြီ"
ဂျောင်ဂုဟာ သူ့ရဲ့ ပန်းကန်ကို ထယ်ယောင်းရဲ့လက်ထဲ ထည့် ပေးပြီး ဝိုင်းမှ ထပြန်သွားသည်။

အသားကင်ပါတီပြီးတော့ ကျောင်းသားတွေကိုယ်တိုင် ဖျော်ဖြေတဲ့ အစီအစဥ်သို့ရောက်သည်။
အတန်းထဲက မိန်းကလေးတွေရော ယောက်ျားလေးတွေပါ အက အဆို စသည်ဖြင့် အသီးသီးဖျော်ဖြေပြီးတဲ့နောက်မှာ
MC ဖြစ်တဲ့ ဆရာမက Stage ပေါ်သို့တတ်ကာ
" ထူးထူးခြားခြား ဒီမှာ တောင်းဆိုထားတာလေးရှိပါတယ် ၊ ဘာလေးလဲသိချင်ကြလား"
" သိချင်ပါတယ်!!"
ဆရာမရဲ့ အပြောနောက်မှာ ကျောင်းသားတွေဟာလည်း အလွန်ကိုမှသိချင်သွားသည်။

" ဆရာမတို့ရဲ့ ကျောင်းသားသစ် ဂျောင်ဂုကို သီချင်းဆိုပေးဖို့ရာ ကျောင်းသားတစ်ယောက်က request လုပ်ထားတယ် ၊ ဂျောင်ဂု စင်ပေါ်ကို လာပေးလို့ရမလား"

Still with Me (Complete )Opowieści tętniące życiem. Odkryj je teraz