Episode 21

685 45 2
                                    

Uni

" မြေးလေး ထယ် ဖွားဖွားဆီကို အလည်လာခဲ့အုံးလေကွယ် "
" သား အခု LA ကိုရောက်နေတာလေ ဖွားဖွား ၊ သားကိုရီးယားကို ပြန်ရောက်ရင် ဖွားဖွားဆီကို အလည် လာခဲ့ပါ့မယ် နော်"
" ဟုတ်ပါပြီ ဖွားဖွားက မြေးလေးကိုလွမ်းနေလို့ပါကွယ် ၊ ဒါနဲ့ ဟိုကောင်လေး ဂျောင်ဂုရော နေကောင်းရဲ့လား၊ သားနဲ့ရော ချစ်သူတွေဖြစ်သွားပြီလား"
အမလေးနော် စကားသိပ်မပြောတဲ့ သူ့ရဲ့အဖွားက အခု တော့ သူ့မြေးသမက်လေးကို မေးလို့ ထယ်ယောင်း အနည်းငယ်တော့ မနာလို့ပါ။
အချိန်ခနအတွင်းနဲ့ အဖွားနဲ့ ခင်မင်သွားတဲ့ ဂျောင်ဂုကို မနာလိုပါ။
" ဂျောင်ဂုက နေကောင်းပါတယ်ဖွားဖွား-"
" သားတို့အခု ရည်းစားဖြစ်သွားပြီလေ ဖွားဖွား၊ နောက်ရက် ကိုရီးယားကို ပြန်ရောက်မှ သားတို့အတူ ဖွားဖွားဆီကို လာခဲ့ပါအုံးမယ်"
ထယ်ယောင်းပြောနေသည့်ဖုန်းကို ဂျောင်ဂုက လုယူကာ သူ့ရဲ့ အဖွားယောက္ခမကို စကားဖြင့် အပြီချုပ်လေသည်။
" LA က အပြန် ဖွားဖွားအတွက်လည်း လက်ဆောင်တွေဝယ်ခဲ့ပါအုံးမယ်"
" မလိုပါဘူး မြေးလေးဂျောင်ဂုရယ် ၊ ဖွားဖွားဆီကိုလာရင် ​ဘာလက်ဆောင်မှ ဝယ်မလာနဲ့ လူပဲ လာရင် ရပြီ"
" ဟုတ်ကဲ့ပါဖွားဖွား၊ သားတို့အခုသွားစရာလေးရှိသေးလို့ ဒါပဲနော်ဖွားဖွား"
" အေးပါကွယ်"
အဖွားဘက်က ဖုန်းချသွားတော့ ထယ်ယောင်းက သူ့ဖုန်းကို ဂျောင်ဂုဆီကနေ ဆွဲလုပြီး မျက်စောင်းသေးသေးလေးထိုးလိုက်သည်။

" ဖွားဖွားတို့များ သူ့မြေးလေးကိုတောင် မနှုတ်ဆက်သွားဘူး၊ သူ့မြေးသမက်ကြတော့ လူပဲလာပါ လက်ဆောင်တွေမလိုပါဘူး ဘာဖြစ်တယ်လေး ညာဖြစ်တယ်လေးနဲ့ မပြောချင်တော့ပါဘူး"
ထယ်ယောင်းက အိတ်ထဲကို အဝတ်တွေထည့်ကာ သူ့ဘာသာ တစ်ယောက်ထဲ မကျေနပ်ကာ ပြောနေတာကို ဂျောင်ဂုက ဆိုဖာပေါ်ကနေ ကြည့်ကာ အသဲများယားနေတော့သည်။

အာ ဒါလေးကို ဘယ်သူမှ မမြင်တဲ့တနေရာမှာဖွက်ထားချင်လိုက်တာ ဒီဟျောင်းပေါက်စကို

"အ့ ဂျောင်ဂု ဒါဘာလုပ်တာလဲ "
ဂျောင်ဂုက ထယ်ယောင်းရဲ့ ဖောင်းနေတဲ့ပါးလေးကို သူ့သွားလေးတွေဖြင့်ကိုက်လိုက်တော့ ထယ်ယောင်းရဲ့ပါးလေးတွေခမျာ နီရဲလို့သွားရသည်။

Still with Me (Complete )Where stories live. Discover now