Episode 9

788 61 0
                                    

Uni

ဂျောင်ဂုပင်လယ်ဘက်ကို ထွက်သွားတာ မြင်တော့ ဟယ်ဂျီကလည်း အနောက်ကနေလိုက်လာခဲ့သည်။

" ဂျောင်ဂု "
ဟယ်ဂျီက ခေါ်လိုက်တော့ ဂျောင်ဂုက လှည့်ကြည့်ကာ
" အော် ဟယ်ဂျီ"
" ပင်လယ်ဘက်သွားမလို့လား"
" အင်း "
" ငါနဲ့အတူတူသွားမယ်လေ "
ထိုအခါ ဂျောင်ဂုလည်း ဟယ်ဂျီနဲ့အတူစကားပြောကာ ပင်လယ်နားလမ်းလျှောက်လို့နေသည်။

" ဂျောင်ဂု အဲ့ဘက်ကို ဘာလို့ ခနခန လှည့်ကြည့်နေတာလဲ "
" အော် ဒီတိုင်း"
တကယ်က ထယ်ယောင်းနဲ့ ဟျောင်းဂျီတို့သွားတဲ့ဘက်ကို ဂျောင်ဂုက ခနခန လှည့်ကြည့်နေတာ ဖြစ်သည်။

" ဂျောင်ဂုသိလား"
" အင်း ဘာလဲ"
" ငါတို့နှစ်ယောက်ကို မိဘတွေက သဘောတူထားကြတယ်"
" ငါသိတယ်"
သိတာလား ၊ သိရင်ဘာလို့ငါ့ကိုဖွင့်မပြောတာလဲ ဂျောင်ဂု အကောင်စုတ်ရဲ့ ၊ ငါ့ကိုဖွင့်ပြောပါလား ဂျောင်ဂုရဲ့

တကယ်က ဟယ်ဂျီက ဂျောင်ဂုကို အရင်ထဲ ကြိုက်နေတာဖြစ်သည်။

ဟယ်ဂျီက ရုတ်တရက်ကြီး ဂျောင်ဂုရဲ့လက်ကိုကိုင်လိုက်သည်။
" ငါတို့နှစ်ယောက် လက်တွဲ ပြီး လမ်းလျှောက်ကြမလား"
ဂျောင်ဂု ဘာမှ ပြန်မပြောဖြစ် ။

သူတို့နှစ်ယောက်လက်တွဲပြီးလမ်းလျှောက်ကြတာကို မြင်သည့် တချို့ကျောင်းသားတွေက အထင်လွဲကုန်ကြတာတော့ အမှန်အကန်ပင်။

" ဟဲ့ ဂျောင်ဂုနဲ့ ဟယ်ဂျီနဲ့ကတွဲနေကြတာလား"
" မသိဘူး ၊ ဂျောင်ဂုငါတို့ကျောင်းကိုစပြောင်းလာထဲက ဟယ်ဂျီနဲ့တတွဲတွဲပဲ "
" သူတို့က မိဘချင်းသိကြတယ်ပြောတယ်"

ထိုသို့သော စကားတချို့ကို ကျောင်းသူမလေးတွေက တီးတိုးစွာပြောနေကြသည်။

" ဟျောင်း သာတကယ်လို့ ရည်းစားရှိမယ်ဆိုရင် အခုဘာလုပ်ချင်လဲ"
" မသိဘူးလေ ၊ ငါမှရည်းစားမထားချင်သေးတာ"
တကယ်က ဟျောင်းဂျီက ထယ်ယောင်းကို flirt ဖို့လုပ်နေပေမဲ့ ထယ်ယောင်းက လုံးဝကို flirt လို့မရ။
ဟျောင်းဂျီကတော့ ထယ်ယောင်းကိုပြောဖို့လေ့ကျင့်လာသည့် စကားတွေတစ်လုံးမှကို flirt လို့မရတာမို့လို့ အနည်းငယ်တော့ စိတ်ဓာတ်ကျနေသည်။

Still with Me (Complete )Where stories live. Discover now