Episode 16

746 53 2
                                    

Uni

နှစ်ပတ်လောက်ရှိပြီ ထယ်ယောင်းအလုပ်ကိုလည်းမလာသလို ၊ ဖုန်းလည်းဆက်လို့မရ၊ စာပို့ထားပြန်တော့လဲ စာမပြန်ဘူး။ အဲ့ဒါကြောင့် ဂျောင်ဂု စိတ်ပူကာ ထယ်ယောင်းရဲ့အိမ်ကိုလိုက်သွားခဲ့သည်။

"ဘယ်သူများလဲ ကွယ်"
ဂျောင်ဂုက ရုပ်ဖျက်ထားတာမို့လို့ ထယ်ယောင်းရဲ့အမေက မေးလိုက်တာဖြစ်သည်။
" ကျွန်တော်က ထယ်ယောင်းရဲ့ သူငယ်ချင်းပါ ၊ သူအခုတလောအလုပ်လည်းမလာ၊ ဖုန်းလည်းဆက်မရတာနဲ့ စိတ်ပူလို့လာခဲ့တာပါ "
" အော်သားလေးက သူ့အဖွားရှိတဲ့ဒယ်ဂူးကို သွားတယ်ကွယ့် ..."
ဂျောင်ဂုဟာ စကားပြန်မပြောတော့ဘဲချက်ချင်းဆိုသလို ဒယ်ဂူးကိုထွက်သွားခဲ့လိုက်သည်။

" နေပါအုံး ဒယ်ဂူးက ဘယ်အိမ်ကိုသွားရမှာလဲ ငါက ၊ စကားကိုဆုံးအောင်နားမထောင်နေလိုက် ဂျွန်ဂျောင်ဂု "

ဂျောင်ဂု ကားစီယာတိုင်ကို ထုကာ တောက် တစ်ခေါက်ခေါက်ရှိနေတော့သည်။

" ဒယ်ဂူးမြို့လေးက ကျဥ်းကျဥ်းလေးဘဲဟာကိုရှာကြည့်ရမှာပေါ့"
ဒီလိုနဲ့ဂျောင်ဂုတစ်ယောက် ဒယ်ဂူးမှာထယ်ယောင်းရှာပုံတော်ကိုဖွင့်နေတော့သည်။

ရက်အနည်းငယ်ကြာနေပြီ ထယ်ယောင်း ဒယ်ဂူးကိုရောက်နေတာ။ အလုပ်လဲသွားချင်စိတ်မရှိသလို ဂျောင်ဂုနဲ့လည်းမျက်နှာချင်းမဆိုင်ရဲ။

ထယ်ယောင်းအဖွားရှိတဲ့ ဒယ်ဂူးက ရွာငယ်လေးမှာပဲ အေးဆေးနေပြီး ခေါင်းအေးအေးနဲ့စဥ်းစားပြီး နေလိုက်ချင်တော့တယ်။
ဂျောင်ဂု ဖုန်းတွေဆက်ပြီး စာတွေပို့နေတာ သိပေမဲ့ အကြောင်းမပြန်ခဲ့။
အခုဆိုသူဘာတွေလုပ်နေမလဲ ၊ ငါမရှိရင်ရော အဆင်ပြေနေရဲ့လား ဂျောင်ဂု။

ထယ်ယောင်း ခြံထဲက ဒန်းလေးပေါ်မှာ ထိုင်ကာ အဖွားစိုက်ထားသည့် ပန်းပင် လေးတွေကို ကြည့်ကာ ဂျောင်ဂုအကြောင်းရောက်တတ်ရာရာစဥ်းစားနေမိတော့သည်။

ထယ်ယောင်းခြံ ထဲကို ထွက်နေတုန်း ခြံရှေ့က ဘဲလ် သံကြားတာမို့လို့ ခြံတံခါးအနား သွားကြည့်မိသည်။

" ဂျောင်ဂုဘယ်လိုလုပ်ပြီး..."
" ဟျောင်းဟုတ်နေတာပဲ ၊ ကျွန်တော့်မှာ ဘယ်လောက်တောင် ဟျောင်းကိုစိတ်ပူနေသလဲ သိလား၊ ကျွန်တော့်အချစ်ကိုလက်မခံဘူးဆိုရင်တောင် ၊ ကျွန်တော့်ဘေးမှာတော့ နေပေးသင့်တယ်မဟုတ်လား"
" ဂျောင်ဂု မင်းဒီလထဲ schedule တွေအပြည့်လေ၊ ညဘက်တောင်အိပ်ချိန်သိပ်ရှိတာမဟုတ်ဘူး၊ အခု ဘာလို့ငါ့ကိုလာရှာတာလဲ "
" မနေနိုင်လို့လေ ၊ ဟျောင်းမရှိဘဲ မနေနိုင်လို့ ၊ မန်နေဂျာ အသစ်လဲ မခန့်ချင်ဘူး ၊ ဟျောင်းနဲ့ပဲအဆင်ပြေတယ်"
" အပြင်မှာအေးတယ် အိမ်ထဲ ဝင်ခဲ့"
ထယ်ယောင်းက တံခါးလေးဖွင့်ပေးပြီး ဂျောင်ဂုကို ဧည့်ခန်းထဲသို့ခေါ်သွားသည်။
ဧည့်ခန်းထဲရောက်တော့ အဖွားကပြတင်းပေါက်နားမှာထိုင်ကာ သိုးမွှေးထိုးနေသည်။

Still with Me (Complete )Where stories live. Discover now