Episode 7

830 74 0
                                    

Uni

ဂျောင်ဂု အဆိုတော်ကောင်းတစ်ယောက်ဖြစ်ဖို့အိမ်မက်ကို သူ့အဖေက ခွင့်ပြုပေးလိုက်တာမို့လို့
အခုဆိုရင် ပထမခြေလှမ်းကိုစလှမ်းဖို့လုပ်နေသည်။

ဂျောင်ဂုအဖေရဲ့ သူငယ်ချင်းတစ်ယောက်ရဲ့ entertainment မှာ ဂျောင်ဂုက စာချုပ်ချုပ်လိုက်သည်။ အဲ့ဒီ့ entertainment ရဲ့ ရှယ်ယာ ၄ ပုံ၃ ပုံက ဂျောင်ဂုအဖေပိုင်တာ ဖြစ်သည်။

" ကျွန်တော်ကိုယ်တိုင်ရေးပြီး အသံသွင်းထားတဲ့ သီချင်းတစ်ပုဒ်တော့ရှိတယ် ၊နားထောင်ကြည့်မလား"

" ဟုတ်ပြီ ၊ အစ်ကိုတို့နားထောင်ပေးမယ်"

ဂျောင်ဂုလည်းသူယူလာတဲ့ laptop ကိုဖွင့်ကာ ထိုသီချင်းကိုဖွင့်ပြလိုက်သည်။

" အိုးး ဂျောင်ဂုရဲ့အသံက လုံးဝကို sweet ဖြစ်နေတာပဲ၊ တကယ်နားထောင်လို့ကောင်းတယ်"
" အာ ကျေးဇူး အစ်ကို "

ဂျောင်ဂု ၁လလောက် သီချင်းကိုပြင်ဆင်ပြီးတဲ့အချိန်မှာတော့ သူ့ဘဝရဲ့ မှတ်တိုင်တစ်ခုကိုထူထောင်နိုင်ခဲ့သည်။

ဂျောင်ဂုဟာ "Still with you" ဆိုတဲ့ သီချင်းနဲ့ debut ပြီး ထိုသီချင်းဟာ ထွက်ထွက်ချင်းမှာဘဲ
Melon chart ထဲကို #5 အနေနဲ့ရောက်လို့နေသည်။

YouTube channel ရဲ့ comment အောက်မှာလဲ

* အားး သူ့အသံက ချိုနေတာပဲ ၊ သူက ဘယ်သူလဲငါအရမ်းသိချင်တယ်*
* ဒီအသံကိုငါရင်းနှီးတယ်၊ အားး မသိဘူး ကြိုက်တယ် အရမ်း*
* အဆိုတော် JK ကို အားပေးနေတယ် ၊ ငါက အခုဘဲသူ့ရဲ့ Fan ဖြစ်သွားပြီ*
စသည့်မှတ်များကိုတွေ့ရသည်။

" ဂျောင်ဂုမင်းက အဆိုတော်ဖြစ်ဖို့ မွေးဖွားလာသလားပဲ ၊ debut ချင်းအောင်မြင်ဖို့ဆိုတာ မဖြစ်နိုင်ပေမဲ့ မင်းကတော့ ချွင်းချက်ထင်တယ် ၊ အရမ်းတော်တယ်ကွာ "

producer အစ်ကိုက ထိုသို့ပြောတော့ ဂျောင်ဂု ပျော်လို့သွားသည်။

" ဒါနဲ့ မင်းဘာလို့ မင်းရုပ်ကိုထုတ်မပြတာလဲ"
" ဒါက ကျွန်တော် ကျောင်းပြီးမှဘဲ ရုပ်လုံးထွက်ပြမယ်လို့ စဥ်းစားထားလို့ပါ"
" အင်းကောင်းပါတယ် ဒါလည်း "
" ဟုတ် အခုလို ချီးကျူးပေးလို့လဲ ကျေးဇူးတင်ပါတယ်နော် ဟျောင်း"
" ရပါတယ်ကွာ ၊ နောက်လဲ ကြိုးစားပြီး အလုပ်အတူတူတွဲလုပ်ကြတာပေါ့ fighting "

Still with Me (Complete )Where stories live. Discover now