Episode 22

641 37 1
                                    

Uni

" ဘာ ဂျောင်ဂု မင်းမဟုတ်တာတွေလျှောက်လုပ်မနေနဲ့ "
" တကယ်ပါ ဒယ်ဒီ သားသူ့ကို တကယ် ချစ်တာပါ ၊ လက်ထပ်ဖို့အထိပါ ရည်ရွယ်ထားတာပါ "

ဧည့်ခန်းထဲမှာ Mr.Jeon ရယ် သူ့ဇနီးရယ် ထယ်ယောင်းရယ် ဂျောင်ဂုရယ်ဟာ ထိုင်နေကြသည်။

Mr.Jeon က သူ့သား ကို Gay တစ်ယောက် အနေနဲ့ လူပုံ အလည်ကို ချမပြချင် ၊ သူ့သားဟာ လိင်တူ ချင်း တွဲနေပါတယ် ဆိုပြီး သူတို့ရဲ့ အသိုင်းအဝိုင်းထဲမှာ မကြားချင်မိပါ ။ ပတ်ဝန်းကျင်အမြင်မှာလဲမတည့်တယ်လှပါ သူတို့ရဲ့ ဂုဏ်သိက္ခာလည်းကျဆင်းသွားမှာ အမှန်ပါလေ။

" ဖေကြီးရယ် စိတ်လျော့ပါ ၊ ဒီမှာ သား ချစ်သူဆိုတဲ့ ကောင်လေး လည်း ရှိနေတာကို "
ဂျောင်ဂုရဲ့ အမေက ထယ်ယောင်းကို အားနာသလို မျက်နှာဖြင့် လာကြည့်ပြီး ဂျောင်ဂုရဲ့အဖေကို ဧည့်ခန်းထဲမှ ဆွဲထုတ်ခေါ်သွားလေသည်။

" ဖေကြီးရယ် အဲ့လိုဒေါသနဲ့ မဖြေရှင်းပါနဲ့ ၊ ကျွန်မလဲ ကျွန်မ သားက လိင်တူ ချစ်တာကို လက်မခံချင်ပါဘူး ၊ ဒါပေမဲ့ သားကို ဒီလို အကြမ်း ပတမ်းဒေါသနဲ့ တော့ မပြောသင့်ဘူးမလား ၊ ချော့မော့ပြီး အချိုသိပ် ပြီးပြောရမှာပေါ့ နော် ဖေကြီးရယ် "
" ဟုတ်ပါပြီ ငါ့မိန်းမ သာ ကြည့်ပြောလိုက်တော့ ၊ ကိုယ်တော့ အဲ့ကောင်မျက်နှာရော သူ့ရည်းစား ဆိုတဲ့ တစ်ယောက်မျက်နှာကိုပါ မကြည့်ချင်တော့ဘူး ၊ ဘယ့်နှယ့် ရုပ်ပြပြီး ချူစားမဲ့ရုပ်နဲ့ ၊ ကြည့်နေမိန်းမ အဲ့ကောင်လေးက ငါ့သားကို ငွေကြေးတစ်ခုထဲနဲ့ လာပတ်သတ်နေတာ "
" အင်းပါ ကျွန်မသိတာပေါ့ ၊ အဲ့တော့ အချိုသိပ်ပြီး ငြင်းလွှတ်ရမယ်လေ "

......

" ဂျောင်ဂု အခြေအနေကမကောင်းဘူး ထင်တယ် "
" အင်း ကျွန်တော်သိတယ်ဟျောင်း ၊ အခုလဲ ဒယ်ဒီတို့မာမီတို့က ဘာတွေသွားပြောနေကြသလဲမသိဘူး ၊ ကျွန်တော် ဟျောင်းနဲ့ မခွဲချင်ဘူး "
" ငါရော ပဲ မင်းနဲ့လုံးဝ မခွဲချင်ဘူး၊ ဖွားဖွား ပြောသလို မိဘတွေကို အသိပေးပြီးတွဲတာက သိပ်အဆင်မပြေသလိုပဲနော် "
" ဟူးးး မသိတော့ပါဘူး ဟျောင်းရယ် "
ဂျောင်ဂုက ထယ်ယောင်းရဲ့လက်လေးကိုတင်းကြပ်စွာ ဆုတ်ကိုင်ထားသည်။

Still with Me (Complete )Where stories live. Discover now