Episode 23( END)

1.3K 52 2
                                    

Uni

" သားလေး ဂျောင်ဂု ထမင်းစားအုံးလေကွယ်"

ခလွမ်

ဂျောင်ဂုက သူ့အမေယူလာတဲ့ ထမင်းပန်းကန်ကို ပုတ်ထုတ်လိုက်သည်။ ထမင်းတွေဟာ ကြမ်းပြင်ပေါ်သို့ ဖိတ်ပြီး ပန်းကန်ဟာလဲ ကျကွဲသွားသည်။

" အေးမင်းအဲ့လို ကြပ်ကြပ်လုပ် ၊ မနက်ဖြန် Choi Group က သမီးဖြစ်သူနဲ့ မင်းကို စေ့စပ်ပေးဖို့ စီစဉ်ထားပြီးသား ၊ ဒါပဲပြောချင်တယ် "
ဂျောင်ဂုရဲ့ အမေဟာ ဂျောင်ဂုကို ထိုသို့ ကြိမ်းမောင်းပြီး အခန်းထဲမှ ထွက်သွားတော့သည်။

ဂျောင်ဂု ကိစ္စတွေဖြစ်ပြီး ၁ပတ်တိတိ အခန်းထဲက ကိုမထွက်ပါလေ ။
သူဘာမှ မစဉ်းစားမိသလို ၊ ဘာမှလဲ မလုပ်နိုင် ၊ အပြင် ထွက်တာနဲ့ ဒယ်ဒီ့ရဲ့ လူတွေက ဝိုင်းပြီး ဖမ်းကြလေတော့ ထွက်ပြေးဖို့က လုံးဝကိုမဖြစ်နိုင် ။

သူ တစ်ခုစဉ်းစားမိတာက ဟယ်ဂျီနဲ့ ဟျောင်းဂျီကို သူတို့ ဆိုးလ်ကို ပြန်ရောက်နေတယ်လို့လဲ ကြားမိတယ် ၊ ဟယ်ဂျီနဲ့ စကားပြောချင်တယ်လို့ဆိုပြီး သူ့ကို အိမ်ကို ခေါ်ခိုင်းလို့ရတာပဲမလား ။

ဂျောင်ဂု ချက်ချင်းဆိုသလို အခန်းရှေ့မှာ စောင့်နေတဲ့ ဆူယောင်းကို ဟယ်ဂျီ့ကို ခေါ်ပေးဖို့ရာ တောင်းဆိုသည်။

" ဘာတဲ့လဲ ဆူယောင်း "
ဧည့်ခန်းထဲမှာ ထိုင်နေတဲ့ ဂျောင်ဂုရဲ့ အမေက မေးသည်။

" အစ်ကိုလေးက သူ့သူငယ်ချင်း ဟယ်ဂျီနဲ့ စကားပြောချင်တယ်တဲ့ ၊ သူသိပ်မွန်းကြပ်နေတာမို့လို့ ဟယ်ဂျီ့ကို ရင်ဖွင့်ချင်တယ်တဲ့ "
" အင်းအဲ့ဒါဆိုလဲ ခေါ်ပေးလိုက်"

သိပ်မကြာခင် အတွင်း ဟယ်ဂျီရော ဟျောင်းဂျီပါ ရောက်လာသည်။
" ဒီကလေးက ဘယ်သူလဲ သမီး ဟယ်ဂျီ "
" အော် အဲ့ဒါ သမီးရဲ့ ယောက်ျားပါ အန်တီ ၊ လက်ထပ်လိုက်တာကြာပါပြီ ၊ ဂျောင်ဂုနဲ့လဲ အသိတွေလေ "
" အော် အင်းပါ ၊ သမီးရဲ့ သူငယ်ချင်း လူမိုက်ကြီး အခန်းထဲမှာ ရှိတယ် ၊ မနက်ဖြန် Choi Group က သမီးနဲ့ စေ့စပ်ပေးမှာမို့လို့ တစ်ခါထဲ နားချခဲ့လိုက်အုံး သမီးရေ "
" ဟုတ်ကဲ့ပါ အန်တီ"

ဟယ်ဂျီနဲ့ ဟျောင်းဂျီက ဂျောင်ဂု ရှိတဲ့ အခန်းထဲကို ရောက်တော့ ဂျောင်ဂုက ကုတင်ပေါ်မှာ စိတ်ပျက်လက်ပျက် ထိုင်နေသည်။

Still with Me (Complete )Where stories live. Discover now